အခန်း(၅.၁)

Bắt đầu từ đầu
                                    

ဒီဆိုလိုရင်းက ရှင်းပါတယ်...

မီတာအနည်းငယ်အကွာမှာ ပုန်းနေတဲ့ အဲလ်ဂျာက ကွဲပြားမှုကို တွေ့တာနှင့် အပြေးလာခဲ့တယ်။

"ခေါင်းဆောင် ကျွန်တော်တို့ နောက်ထပ် ဘယ်နေရာကို သွားကြမလဲ?"အဲလ်ဂျာသည် သူ့နှလုံးသားထဲက ယိမ်းယိုင်မှုကို ဖိနှိပ်ပြီး သူ့ရှေ့က ငွေရောင်ဆံပင်နှင့်ဇာ့ဂ်ကို ကြည့်နေသည်။

အဲလ်ဗတ်၏အမူအရာက အေးစက်နေပြီး သူက ချက်ချင်းပြန်မဖြေဘူး။သူက တိတ်နေတာကြောင့် အဲလ်ဂျာက ထပ်ပြောလိုက်တယ် "ခေါင်းဆောင်ကို တင်ပြစရာရှိပါတယ်။ကျွန်တော်တို့ထဲက တစ်ချို့စစ်သားတွေက သီးခြားခွဲထွက်သွားပေမဲ့ ဒီလက်အောက်ခံက သူတို့ကို မတားခဲ့ဘူး..."

သူက သူတို့ကို မတားနိုင်ခဲ့ဘူး။

အဲလ်ဂျာ၏နှလုံးသားထဲမှာတော့ သူက ဘုရင်ကိုရှာဖို့ မထွက်သွားနိုင်ခဲ့ပေမဲ့ အခြားသောဇာ့ဂ်တွေက ဘုရင်ကို ရှာတွေ့ဖို့မျှော်လင့်နေတယ်။

သူက သူမမြင်ဖူးသည့် အဖိုးတန်ရတနာကို ကာကွယ်ပေးချင်ခဲ့သည်။ဒါကြောင့် အဲလ်ဂျာက ဇာ့ဂ်တွေကို သစ္စာဖောက်လို့ မယူဆဘဲ ထိန်းချုပ်ဖို့ မကြိုးစားခဲ့တာဖြစ်တယ်။

သူ့ရဲ့ချုပ်တည်းမှုက အကန့်အသတ်ကိုရောက်လို့ တုန်နေပြီဖြစ်တယ်။ဒါက အဲလ်ဂျာတစ်ယောက်တည်းတော့ မဟုတ်ဘူး။ဇာ့ဂ်စစ်သားတွေက ၎င်းတို့၏လုပ်ဖော်ကိုင်ဖက်များ ထွက်ခွာသွားတာကို ကြည့်နေခဲ့တာက တူညီတဲ့တစ်ကိုယ်ကောင်းဆန်သည့်စိတ်ဆန္ဒကြောင့်ဖြစ်တယ်။ဒါကြောင့် သူတို့က ၎င်းတို့ကို သစ္စာဖောက်လို့မမြင်ခဲ့ဘူး။

တစ်ယောက်တည်းဆိုရင်တောင် အဆင်ပြေပါတယ်။တကယ်လို့ တစ်ယောက်ယောက်က ဘုရင်ကို အမြန်ရှာတွေ့ပြီး သူ့ကိုကာကွယ်ပေးနိုင်ခဲ့ရင်...

"မင်းနဲ့အခြားသူတွေက ဘာကြောင့် မထွက်သွားတာလဲ?သစ္စာဖောက်နဲ့ပတ်သက်ပြီးပြောမနေနဲ့တော့"အဲလ်ဗတ်က အမူအရာမပြဘဲ ပြောလိုက်တယ်။

"မင်းထွက်သွားချင်ရင် မင်း ယုလုနဲ့သွားသင့်တယ်"အဲလ်ဗတ်၏အသံက အေးစက်နေပြီး သူ့စိတ်အခြေအနေကို သိမြင်နိုင်ရန် ခက်ခဲတယ်။

Zergဘုရင်လေးNơi câu chuyện tồn tại. Hãy khám phá bây giờ