Please ❗❗❗ (Uni+Zaw)

Start from the beginning
                                    

စာရေးတာ (၈) လကျော်အတွင်း သဘောကျပေးတဲ့
သူတွေကိုလည်းကျေးဇူးတင်ပါတယ်။သဘောမကျသူတွေရဲ့ကောင်းမွန်တဲ့ဝေဖန်တွေကိုလည်း လက်ခံပါတယ်။ဘာပဲဖြစ်ဖြစ် My husband Hates Me မှာတော့ သက်ထက်ပန်ရဲ့စိတ်ကို နားလည်ပေး
နိုင်ဖို့မျှော်လင့်ပါတယ်။ နောက်ရက်ကျရင် ပုံမှန်
အတိုင်း Update ရှိပါမယ်။



Eros_90

12.5.23 (11:57 )



*
*
*

My husband Hates Me နဲ့ပတ်သက်ပြီး
စာရေးသူအနေနဲ့ နည်းနည်းလောက်ပြောစရာရှိလို့ပါ။

သက်ထက်ပန်ကို စိတ်ပျော့တယ်လို့ထင်နေတာမျိုး
ရှိနေမယ်ထင်ပါတယ်။ သက်ထက်ပန်ရဲ့အသက်က
၁၈ နှစ်ပါ ။ချစ်သူရည်စားထားဖို့အတွက်တော့
ငယ်သေးတဲ့ အရွယ်မဟုတ်တော့ပေမယ့်
အိမ်ထောင်ပြုဖို့အတွက်တော့ အတော်ငယ်ပါသေးတယ်။နောက်ပြီး မိဘတွေလက်ထဲမှာ ကလေးလို
ပဲနေခဲ့တဲ့သူဆိုတော့ သူကအရမ်းကြီးမရင့်ကျက်ပါဘူး။

အိမ်ထောင်ပြုလိုက်ရတယ်။ အဲလူကသူအရင်ထဲက
ခင်တွယ်ခဲ့ရတဲ့သူ။ အဲတော့ဒီအိမ်ထောင်ရေးကို
သူကမြဲစေချင်တယ်။အရမ်းကြီးစိတ်တည်ငြိမ်နေတဲ့
အရွယ်မဟုတ်တော့ တစ်ဖက်က သူ့အပေါ်မကောင်းရင် သူကလည်းကလေးစိတ်နဲ့ပြန်ရန်ရှာမယ်။
တစ်ဖက်က သူ့အပေါ်ကောင်းပေးရင် သူကလည်း
ပြန်ပြီးကောင်းကောင်းမွန်မွန်ဆက်ဆံပေးမယ်။
ပြောရမယ်ဆို အရမ်းကြီးတေးမှတ်ထားတာမျိုးမရှိတာပါ။

သူအိမ်ထောင်ရေးကိုမြဲစေချင်တဲ့အတွက်
သူနဲ့မကိုဋ်ရဲ့ကြားထဲကိုဝင်လာမယ့်သူလို့ထင်နေ
တဲ့လူကိုမကိုဋ်ကသူ့အပိုင်ဖြစ်ကြောင်း မဏ္ဍိုင်
တက်ပြလိုက်တယ်ပေါ့။အခြားတည်ငြိမ်ပြီးလူကြီး
ဆန်တဲ့သူတွေလို အကွက်ချစနစ်တကျပြင်ဆင်ပြီး
ပိုင်ဆိုင်မှုကိုဖော်ပြတာမျိုးမဟုတ်ဘူး။
အိမ်ထဲကနေတောင် အိမ်ပြင်သိပ်မထွက်ရတဲ့
ကလေးမဟုတ်လူကြီးမဟုတ်အရွယ်လေးရဲ့
အတွေးနဲ့ပဲ ပိုင်ဆိုင်ကြောင်းဖော်ပြလိုက်တာ။
ဒါကပဲ တစ်ချို့တွေထင်သလို နည်းနည်းကြီး
ပေါတောတောဆန်တယ်ဆိုတာမျိုး ဖြစ်သွားပုံ
ရလားတော့မသိဘူးပေါ့ ။

စာရေးသူအတွက်တော့ Completed ဖြစ်ပြီးသားFicရော My husband Hates Me ကပါ
ဘယ်သူ့Fic တွေကိုမှမှီခိုထားခြင်းမရှိဘဲ
တစ်ယောက်ထဲရဲ့အတွေးနဲ့ အကောင်းဆုံးဖြစ်
မယ်ထင်တာကို ရေးနိုင်တဲ့ဘောင်ထဲကနေ
ရေးပြယုံပါ။ စာအရေးအသားက အရမ်းကြီးကောင်းမနေဘဲ ပုံမှန်ဆိုတာကိုတော့ လက်ခံပါတယ်။
တစ်ယောက်ထဲတွေးပြီးရေးထားတာကို စာဖတ်သူအများကဖတ်တဲ့အခါ အတွေးကအများကြီး
ဖြစ်သွားပြီး စာရေးသူနဲ့အတွေးတူတဲ့သူလည်း
ရှိမယ် အတွေးမတူတဲ့သူလည်းရှိပါမယ်။
ဒါကတော့ပြဿနာမဟုတ်ပါဘူး ။




Eros_90

12.5.23 (11:57 )




My Husband Hates Me ( Completed )Where stories live. Discover now