"မင်းဘုရားသွားမယ်လို့ပြောတယ်မဟုတ်လား……လာ အခုသွားမယ်……"

သူ့အမေးကိုမဖြေဘဲထထွက်သွားတဲ့မှိုင်းကတစ်ခုခုတော့တစ်ခုခုပင်။ တကယ်ဆိုသူမေးတာကဘာမှစိတ်ဆိုးစရာလည်းမရှိဘူးမဟုတ်လား။


_____________________________________________


ပြတင်းပေါက်ကနေတစ်ဆင့်ခပ်အုံ့အုံ့ကောင်းကင်ကြီးကိုငေးရင်းသဝဏ်သက်ပြင်းသာချမိသည်။ အစ်ကိုမရှိလို့ထင်…ညနေ၅နာရီခွဲဆိုသောအချိန်အလျောက်မှောင်ရီပျိုးစပြုနေသောပတ်ဝန်းကျင်နဲ့အတူသူ့စိတ်ကလည်းခပ်မှိုင်းမှိုင်း။

တကယ်တော့လူ့ပတ်ဝန်းကျင်ကရှင်သန်ရတာသိပ်ခက်ခဲတယ်။ အတိအကျပြောရရင်စားဝတ်နေရေးအတွက်ရုန်းကန်ရတာကအရမ်းပင်ပန်းတာ။ အထူးသဖြင့်အထင်သေးသလိုအကြည့်တွေ ၊ gayဆိုပြီးရွံသလိုအကြည့်တွေကြားမှာရုန်းကန်ရတာပိုပင်ပန်းတယ်။
အစ်ကိုနဲ့အတူတူနေကာစကဆိုရင် ဒီလိုမျိုးခွဲခြားဆက်ဆံမှုတွေတော်တော်လေးကြုံတွေ့ခဲ့ရသေးပဲလေ။
ဒါပေမယ့်တစ်နည်းအားဖြင့်ပြောရရင်လည်းတစ်ခုတော့ကောင်းတာပါပဲ။ ဒီလိုတွေကြုံတွေ့ရတဲ့သူကအစ်ကိုမဟုတ်ဘဲကျွန်တော်ဖြစ်နေလို့။ အစ်ကိုသာဆိုရင်……ဟင့်အင်း အစ်ကို့ကိုတော့အဲ့ဒီ့လိုတွေမကြုံတွေ့စေရပါဘူး။

ဟူး………။

လေပူတစ်ချက်မှုတ်ထုတ်ရင်းပါးပေါ်ကပူနွေးနွေးမျက်ရည်စတွေကိုသုတ်ဖယ်မိတော့လူကပိုအားငယ်လာသလိုလို။
တစ်ခါလောက်လေး…ဖက်တွယ်ထားချင်တယ်။
တစ်ခါလောက်လေး ' ပင်ပန်းနေလို့ပါ '  လို့ပြောပြီးတစ်စုံတစ်ယောက်ကိုခဏလောက်တော့မှီခိုပစ်လိုက်ချင်တယ်။ တစ်နေကုန်ကြုံခဲ့ရတာတွေအတွက်တစ်ယောက်ယောက်ရဲ့ပခုံးပေါ်မျက်နှာအပ်ပြီးတစ်ခါလောက်တော့ငိုချပစ်ချင်မိတော့တာ။

"ဒယ်ဒီ ငိုနဲ့……"

ရုတ်တရက်ပါးပေါ်ရောက်လာတဲ့လက်သေးသေးလေးကြောင့်သတိဝင်ကာကြည့်တော့ ငိုမဲ့မဲ့လေးဖြစ်နေတဲ့သား။ အနားကိုအတင်းတိုးကပ်လာပြီးဖက်တွယ်လာတာမို့ရင်ထဲမှာနွေးခနဲရယ်။

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now