အဲ့ဆုတောင်းလေးက
"ကျွန်တော့်ကို ပွေ့ဖက်ပေးမဲ့သူတစ်ယောက်၊ချစ်ပေးမဲ့သူတစ်ယောက်လောက် ရှိလာပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်"
တဲ့လေ။

လက်ကောက်ဝတ်ရှိ အဖြူရောင်ပတ်တီးပေါ်၌ အနီရောင်သွေးစတို့ကိုမြင်တုန်းကစိတ်တော့အနည်းငယ်မသက်သာခဲ့။
13နှစ်အရွယ် ကလေးလေးတစ်ယောက်က သတ်သေဖို့ကြိုးစားခဲ့သည်တဲ့လေ။
ဘယ်လောက်တောင် မိုက်မဲရာကျလိုက်သလဲမဟုတ်လား။

သူပွေ့ဖက်ဖူးခဲ့တဲ့ ခန္ဓာကိုယ်သေးသေးလေး၊သူကုန်းပိုးခဲ့ဖူးတဲ့ ကလေးသေးသေးလေး။

အဲ့ကလေးလေးက အခုကိုသူ့ကိုချစ်မြတ်နိုးနေပါသတဲ့လေ။
ဘယ်လောက်အံ့သြသင့်စရာကောင်းလိုက်သလဲ။

သို့ပေမဲ့ ဝမ်းနည်းစရာကောင်းသည်က သူကအဲ့ကလေးလေးနဲ့မထိုက်တန်ဘူးဆိုတဲ့အချက်....။

မင်းလိုမိုးမြင့်ထက်ကပန်းကလေးတစ်ပွင့်ကို ငါကဘယ်လိုလုပ်မက်မောရဲမှာတဲ့လဲလေ....
ဘယ်လိုအသိတရားမျိုးနဲ့တဲ့လဲ။

နာကျင်ရလိမ့်မယ်.. သူ့အနားမှာနေရင်ဒီကလေးလေးဒဏ်ရာတွေထပ်ရလိမ့်မယ်။သူသိတာပေါ့ သူ့အနားက..သူ့ပတ်ဝန်းကျင်ကဘယ်လောက်တောင်ကြောက်စရာကောင်းသလဲဆိုတာ။

ဘယ်လောက်ပဲအဲ့အလုပ်က ထွက်လိုက်ပြီပြောပြော မပြီးပြတ်သေးတဲ့ကိစ္စနဲ့မရှင်းရသေးတဲ့ရန်ငြိုးတွေ...
သူ့လို အန္တရာယ်တွေနဲ့ဝိုင်းနေတဲ့ကောင်အနား ချစ်ရတဲ့သူကိုဘယ်လိုလုပ်ခေါ်
ရက်ပါ့မလဲ။

"လေးလေးငယ်"

စိုင်း အတွေးအိုင်ထဲနစ်နေခိုက် တစ်ဖက်ကကောင်လေးမှ သြရှရှအသံကထွက်ပေါ်လာသည်။

"အင်း"

"ကျွန်တော်ကလေ လေးလေးငယ်ကို ဟိုးအရင်ကတည်းကချစ်ခဲ့တာဗျ...
ကျွန်တော့်ရဲ့မှောင်မိုက်ပြီးအထီးကျန်စရာကောင်းတဲ့ကမ္ဘာကြီးထဲ လေးလေးငယ်က လမ်းပြကြယ်လေးအဖြစ်ဝင်လာခဲ့တာ...
ကျွန်တော့် အခုထိအသက်ရှင်လာရတဲ့အကြောင်းပြချက်က လေးလေးငယ်ဖြစ်ပြီး ကျွန်တော်လေးလေးငယ်အနားကနေ ထွက်သွားမှာမဟုတ်ဘူး.ယ.
ဒါပေမဲ့ လေးလေးငယ်ကထွက်သွားချင်ရင်တော့ကျွန်တော်လွှတ်ပေးမှာပါ"

In Love With An Old Mafia(Complete)Where stories live. Discover now