Part - 16 ( Zawgyi)

Zacznij od początku
                                    

" ထင်လို့ပါ သက်ထက်ပန်က သူများတွေထင်
သလောက်လဲ မချွဲတက်ပါဘူး "

သက်ထက်ပန်ကမချွဲတက်ဘူး ။ သရုပ်ဆောင်
တက်တာလိုပြောချင်ပေမယ့် ပြုံးယုံသာပြုံးမိသွား
သည်။ ဒီကလေးက တကယ့်မနိုင်စိန် ။

" ကဲ ဒါဆိုကျွန်တော်ပြန်တော့မယ်နော် ကိုထွဋ် "

" ကျေးဇူးပဲနော်ထက်မြတ် ၊ နောက်ရက်အလုပ်တွေပါးသွားရင် ကိုယ်သိီးသန့်လိုက်ကျွေးပါဦးမယ် ၊
ဒီရက်ထဲတော့အလုပ်တွေကများနေလို့  "

" ရပါတယ် ကိုထွဋ်ရယ် တကူးတကလုပ်ပေးရမယ့်
သူတွေမှမဟုတ်တာ ၊ ကဲ ကျွန်တော်သွားပြီနော် "

" ဟုတ်ပြီ ဟုတ်ပြီ ကိုယ်တော့လိုက်မပို့တော့ဘူးနော်
ဒီမှာကမြင်တဲ့အတိုင်းပဲ "

ကိုယ်လုံးသေးသေးလေးကို ခပ်ဖွဖွထွေးပွေ့ပြီး
ပြောလိုက်တော့

" ဟုတ်ရပါတယ်ဗျာ "

ထက်မြတ်ဦးအခန်းထဲကနေထွက်သွားတော့မှ
အိပ်ပျော်နေသူကိုပွေ့ချီဖို့ကြိုးစားလိုက်တဲ့အခါ
လူးလွန့်လာသည့်ခန္ဓာကိုယ်နှင့်အတူ မျက်လုံးပွင့်လာသည်။ ပြီးတာနဲ့ဘေးဘီကို လှည့်ကြည့်အကဲ
ခတ်ရင်း သူ့မျက်လုံးတွေကိုပွတ်နေပြန်၏ ။

" အလုပ်ပြီးသွားပြီလား "

" ပြီးသွားလို့ ထက်မြတ်ဦးတောင် ပြန်သွားပြီ
မသိလိုက်ဘူးမဟုတ်လား အိပ်ပုတ်နေလို့ "

သက်ထက်ပန်ကတော့ ချက်ချင်းဆိုသလိုပဲ
ကိုယ့်ပေါင်ပေါ်ကနေထပြီး အခန်းအပြင်ကိုထွက်ဖို့
ပြင်သည်။သူ့လက်ကိုလှမ်းဆွဲထားတော့
မျက်မှောင်ကျုံ့ပြီးလှည့်ကြည့်လာရင်း

" ဘာတုန်း စားပြီးနားမလည် ချက်ချင်းထပြေးဖို့
ပြင်နေတာလား "

" ဘာဗျ ခင်ဗျား "

" ဟာ ခင်ဗျားဖြစ်သွားပြီလား မြန်လိုက်တာကွ
ထက်မြတ်ရှေ့မှာကျ ကိုကိုဆို သားကဆို ၊
အခုလည်းကျရော ချက်ချင်းလေသံပြောင်းသွားတာ
ကြည့်စမ်း ၊ မသိရင် အနိမ့်ဆုံးကီးကနေ အမြင့်ဆုံးကီးကိုခုန်ကူးလိုက်သလိုပဲ အသံအနိမ့်အမြင့်က
တအားကွာခြားတယ်နော်"

My Husband Hates Me ( Completed )Opowieści tętniące życiem. Odkryj je teraz