Episode 6

114 20 21
                                    

Unicode:

" ဒေါက်တာ ! "

မိုးသည်းတဲ့ညတစ်ညက ကိစ္စရပ်ဟာ နှစ်ယောက်ကြားမှာ အဖုအထစ်ကြီးတော့ဖြစ်မသွား။ ဟယ်ဂျူကိုယ်တိုင်က သူ့ဘက်ကစပြီးနမ်းမိတယ်လို့ပဲထင်နေတာမို့ အစပိုင်းတော့ အားနာပြီး ရှောင်ဖယ်ရှောင်ဖယ်လုပ်လေသော်လည်း ရှောင်ဖယ်နေလို့မရတဲ့ ဆက်ဆံရေးဖြစ်နေတာမို့ နောက်ပိုင်းတော့ အဆင်ပြေလာသည်။

ဒေါက်တာကလည်း သူ့လျှို့ဝှက်ချက်သူ တိတ်တဆိတ်သာဖုံးကွယ်ထားရင်း ပုံမှန်အတိုင်းပါပဲ။

" အင်း ဟယ်ဂျူ။ အတန်းမတက်ဘူးလား "

ဒေါက်တာနမ်ဂျွန်း သူ့လက်ပတ်နာရီသူကြည့်လိုက်တော့ မနက်ကိုးနာရီကျော်သာရှိသေးသည်။ နားချိန်လည်းမဟုတ်တာမို့ ပုံမှန်အတိုင်းဆို စာသင်ခန်းထဲမှာသာ ရှိနေရမယ်မလား။

" အတန်းက စောပြီးသွားလို့ နောက်တစ်ချိန်
ဆရာမ မလာသေးခင် ဒေါက်တာ့ဆီမှာ ဆေးလာတောင်းတာ "

ဆေးလာတောင်းတယ်ဆိုလို့ အဲ့ဒီ့လူရဲ့မျက်ခုံးတစ်ဖက်က အလိုလိုပင့်တက်သွားသည်။ ဝတ်ထားတဲ့ စာကြည့်မျက်မှန်ကိုလည်း အသာဆွဲချွတ်လိုက်ကာ ဆေးပေးခန်းရဲ့တံခါးနားမှာ ရပ်နေသေးတဲ့ကိုယ့်ဆီသို့ မနှေးမမြန်လျှောက်လှမ်းလာသည်။

ထို့နောက် သူ့ရဲ့အကြောတွေထောင်နေတဲ့ လက်တစ်ဖက်က တဖြည်းဖြည်းမြောက်တက်လာပြီး ကိုယ့်နဖူးပြင်ထက်မှာ နေရာယူသည်။

" ကိုယ်လည်းမပူပါဘူး။ ဘာလို့လဲ နေမကောင်းချင်သလိုဖြစ်တာလား။ အဖျားပျောက်ထားတာတော့ ကြာပြီဆိုပေမယ့် ရာသီအကူးအပြောင်းနီးလာလို့ ဖျားချင်တာများလား။ ခေါင်းရော ကိုက်လား "

ဘာမှတောင်မပြောရသေးခင်မှာဘဲ သူချည်းပဲပြောပြီး သူချည်းပဲ ပြန်ဖြေနေတဲ့လူရဲ့ အငြိမ်မနေတဲ့မျက်စံတွေကိုကြည့်ရင်း ဟယ်ဂျူစိတ်ထဲကနေ ကြိတ်ပြီးကျေနပ်သွားမိသည်။ အခုပုံစံက ရုပ်ရှင်တွေ၊ စာအုပ်တွေထဲမှာပဲ မြင်ဖူးနိုင်တဲ့ အဓိကဇာတ်ကောင်ရဲ့ သဘောလက္ခဏာတွေလိုမျိုး။

" မဟုတ်ပါဘူး။ ဟယ်ဂျူမဖျားပါဘူး....အတန်းထဲက သူငယ်ချင်းတစ်ယောက် ဘောလုံးကန်ရင်း ထိမိခိုက်မိလာလို့ သူ့အစားဆေးလာတောင်းပေးတာ "

첫사랑 ( First Love ) KNJ X OC •Completed Where stories live. Discover now