Unicode:
" စာတွေတယ်ကြိုးစားနေပါ့လား ဟင် "
ကျောင်းမှာ နေ့လယ်ထမင်းစားချိန်ဖြစ်သည်။ ဟယ်ဂျူ အားလပ်ချိန်မှာ အိမ်ကထည့်ပေးလိုက်တဲ့ထမင်းဘူးလေးအား ပြောင်စင်နေအောင်အမြန်စားပစ်လိုက်ပြီး ပိုနေတဲ့အချိန်လေးမှာတော့ စာဆက်လုပ်ဖြစ်နေသည်။
စာလုပ်ဖြစ်တယ်ဆိုတာကလည်း ညညတွေ ဂိုက်လာသင်ပေးနေတဲ့ အဲ့ဒီ့လူက အိမ်စာတွေသိပ်ပေးတာကိုး။
" ဟွန်း ဒေါက်တာပေးတဲ့အိမ်စာတွေက များလွန်းလို့ အချိန်တွေကိုမနည်းဖဲ့ဖဲ့ပြီး လုပ်နေရတယ်။ နည်းနည်းပါးပါး လျှော့ပေါ့ပါဦးလား "
ဒေါက်တာ သူ့ကို ဂိုက်ပြလာတာ အခုဆို နှစ်လကျော်လေပြီ။ စစချင်းကတည်းက ပေးလိုက်တဲ့အိမ်စာတွေ အိမ်စာတွေဆိုတာ ဟယ်ဂျူ့မှာ တစ်နေ့တစ်နေ့ မပြီးပြီးအောင် မနည်းလုပ်နေရသည်။ အိမ်စာတွေမှာ ဉာဏ်စမ်းတွေရော၊ ခေါင်းစမ်းတွေရော ရူးခါနေအောင်တွက်ရတဲ့ ပုစ္ဆာတွေက အများစုဖြစ်တာမို့ အဲ့ဒီ့လူ IQ မြင့်တယ်ဆိုတာကတော့ သံသယဖြစ်စရာမရှိပေ။
" လျှော့ပေါ့လို့ဘယ်ဖြစ်မလဲ။ အထက်တန်းနောက်ဆုံးနှစ်လေ။ မင်းပဲ ကိုယ့်လိုမျိုး ဆရာဝန်ဖြစ်ချင်တာဆို။ ဒီလောက်တော့ ကြိုးစားရမှာပေါ့ "
ဒေါက်တာနမ်ဂျွန်းဟာ ဟယ်ဂျူ့အရှေ့က ခုံလေးမှာဝင်ထိုင်လိုက်ပြီး ဟယ်ဂျူတွက်ထားတဲ့အိမ်စာပုစ္ဆာတွေအား အကဲခတ်နေသည်။
" ဘာလို့လဲ ဘာထူးခြားတာမြင်လို့လဲ ဟင်ဟင် "
ဟယ်ဂျူ ကိုင်ထားတဲ့ဘောပင်လေးရဲ့ထိပ်အား သွားလေးနဲ့တတိတိကိုက်ရင်း မျက်လုံးဝိုင်းလေးများနှင့်မေးလိုက်လေတော့ ဒေါက်တာနမ်ဂျွန်းက အာရုံစိုက်နေရာကနေ ဟယ်ဂျူ့ရဲ့မျက်ဝန်းတွေဆီသို့ ဖြတ်ခနဲမော့ကြည့်လာသည်။မျက်လုံးအကြည့်နှစ်ခုဟာ စုံမှတ်တစ်ခုမှာ အညီအညာကျနေခဲ့ပြီး ဒေါက်တာနမ်ဂျွန်းရဲ့မျက်ဝန်းတွေထဲက အမျိုးအမည်မသိရတဲ့ ခံစားချက်အချို့အား ဟယ်ဂျူမဆိုသလောက်လေး ခံစားမိလိုက်ဟန်။
သို့ပေမယ့် ဘာမှန်းသေချာမသိရတာမို့ မြန်မြန်သာခေါင်းထဲကထုတ်လိုက်ပြီး အမြန်အကြည့်လွှဲလိုက်ရသည်။ ဒေါက်တာနမ်ဂျွန်းကလည်း ထိုအခါမှ ချောင်းတဟွတ်ဟွတ်နဲ့ လည်ချောင်းမှာသလိပ်ကပ်သွားပုံ။