ကျွန်တော်ရင်အရမ်းခုန်နေပါသည် ကျွန်တော့်ရဲ့အပျိုကြီးမည်သို့သော ပုံစံလေးဖြင့်ကျုရှင်လာမည်နည်း။ အတွေးထဲမှာပုံဖော်ရင်းပင်ရင်ခုန်စွာစောင့်မျှော်နေမိသည်။
တဖြည်းဖြည်းနဲ့ကျူရှင်မှာ လူလဲပြည့်လာလေပြီ။နေကြီးတို့ဝိုင်းမှာမိန်းကလေးကြီးခြောက်ယောက်ဝိုင်းဖြစ်သည်။အကုန်လုံးကနဂိုထဲကခင်မင်ခဲ့ကြသူမို့ အခန်းမတူသော်သူများပါသော်လည်းပြဿနာသိပ်မရှိပါ။
နေကြီးတို့ခင်ကြီးတို့မှာနဂိုထဲက အတိုကောက်ခေါ်ကြခြင်းဖြစ်သည်။ပြီးတော့နေကြီးထက်အကြီးဖြစ်တဲ့ ရွှေမေဦးဆိုတဲ့တစ်ယောက်ရှိသည်။သူ့ကိုတော့ရွှေကြီးလို့ခေါ်ကြသည်။
အခုထိုင်သောပုံစံမှာနှစ်ယောက်တစ်တန်းဖြစ်၍ နေကြီးနဲ့ ခင်ကြီးမှာ အေရှ့ဆုံး၌ထိုင်ကြသည်။
"ကဲပြောစမ်းပါဦး အချိန်တိကျသူကြီး အခုငါးနာရီထိုးပြီ ဘယ်မှာလဲခင်ဗျားအပျိုကြီး"
"မင်းကလဲကွာမိန်းကလေးဆိုတာသေချာဖြီးလိမ်းပြင်ဆင်ရတယ်ကွ သူလဲနည်းနည်းပါးပါးပြင်ဆင်ရအုံးမှာပေါ့"
"ကျွန်တော့်ကိုကျတော့ပြောဆိုလုပ်ပြီး ကျွန်တော်လဲမိန်းကလေးပဲလေဗျ"
"မင်းလဲမိန်းကလေးဆိုပင်မဲ့မင်းကပြင်ရင်ရုပ်ထွက်မဲ့ကောင် မဟုတ်ဘူး မတူပါဘူးကွာ မတုနဲ့ ....နား"
"ဪ တော်တော်ကောင်းတဲ့နေကြီး"
ထိုအချိန်ဆိုင်ကယ်သံကြားလိုက်သည်။
"ဟဲ့တော်ကြတော့လာပြီနဲ့တူတယ်"
ရွှေကြီးစကားသံအဆုံးအားလုံးငြိမ်လိုက်ကြသည်။
ထို့နောက်လှေကားမှဖိုင်တွဲအိတ်လေးယူကာ ခရမ်းရောင်ရင်ဖုံးဝမ်းဆက်လေးဝတ်ထားပြီး ဆံနွယ်တို့အားတစ်လွှာစီးထားသည်။
*ငါ့အပျိုကြီးကဝတ်လိုက်ရင်ဝမ်းဆက်တွေကြီးပဲဟ ကာလာကိုစုံလို့*
ထို့နောက်သူမရဲ့ထိုင်ခုံအမြင့်မှာမထိုင်ပဲ နေကြီးတို့စာရေးခုံရဲ့ရှေ့မှာလာထိုင်သည်။ အခုဆိုအပျိုကြီးကသူမမျက်နှာရှေ့မှာ။
YOU ARE READING
Appreciate the flower you wear
Romanceအဲ့တာကြောင့်.. အဲ့ဒီအပျိုကြီးယောင်္ကျားမရတာ...
အပိုင်း(၁၀)
Start from the beginning