"အေးကွယ်  သူငယ်ချင်းနှစ်ယောက် မနက်ဖြန် လိုက်မယ်မလား"

"ဟုတ် လိုက်မှာဗျ"

"အေးအေး မနက်၅နာရီမို့ မင်းသူငယ်ချင်းကတော့ တီတီနု ရေနဲ့လောင်းနှိုးရမယ့်ပုံပဲ သိတယ်မလား ငပျင်း"

"ဟီးဟီး အိပ်ပုတ်ကြီးတာပါ သားသူငယ်ချင်းက သားလာနှိုးပေးမယ် တီတီနု "

"အမလေး နှိုးကြည့်စမ်းပါတော် မင်းကွန်းခေါင်းလောင်း တီးပြီးနှိုးရင်တောင်  မနှိုးမယ့်သူပါအေ အခုတော့ ခြံထဲတွေ့သမျှပန်းအကုန် လိုက်ခူးနေလေရဲ့"

ဟား ဟား! အိပ်ပုတ်ကြီးလှတဲ့ စိုင်းဟန်လျှမ်း အတင်းတုပ်ခံရနေရလို့ ခြံထဲမှာများ ပန်းခူးရင်း မှောက်လဲနေမလားပဲ။

တီတီနုနှင့် စကားပြောနေကြတုန်း ခြံရှေ့၌ ဆိုင်ကယ် ၂စီး လာရပ်၏။ ဆိုင်ကယ်သံကြားရုံနဲ့တင် ဘယ်သူလာတယ် သိနေပါပြီ။
ကျောင်းပိတ်ရက်တိုင်း အိမ်ကို လာလည်ကြ၏။ ကျွန်တော်နဲ့ ကတုံး၏ ဆက်ဆံရေးဟာလဲ အရင်ကလောက် မဆိုးရွားတော့ပါ။
ညနေ ကျောင်းဆင်းချိန်တိုင်း တစ်ယောက်တည်း အိမ်ပြန်ရသော ကျွန်တော့်အား  သူတို့အချိန်ပို ဆင်းတဲ့အချိန်ထိစောင့်ခိုင်း၏။
သူတို့အချိန်ပိုဆင်းတဲ့အချိန်နှင့် အိုက်လျှမ်း ကျူရှင်ဆင်းချိန်က တူတာမို့ သူနှင့် သန့်စင်ထွန်း ဆိုသော တစ်ယောက်က အိုက်လျှမ်းကျူရှင်အထိ သွားကြိုကာ အတူတူ အိမ်အထိ လိုက်ပို့ပေး၏။
လိုက်မပို့ပါနှင့် ဆိုလည်းမရပါ။ ကျွန်တော်တို့က ငြင်းပေမယ့် အမေ့ကို ဘယ်လိုတွေ သွားပြောမှန်းမသိ။ စိတ်မချတာမို့ သားသူငယ်ချင်းတွေ လိုက်ပို့ရင် ပြန်လိုက်ခဲ့ဟု အမေကပါ ပြောလာ၏။ နောက်တော့လဲ သူတို့ဆိုင်ကယ်အကြီးကြီးတွေ နောက် ဘုရားတပြီး လိုက်စီးရတော့တာပဲ။ ဆိုင်ကယ်အမောင်း ကြမ်းချက်က ၃မိနစ်နဲ့ အိမ်ပြန်ရောက်၏။ မိနစ်၂၀လမ်းလျှောက်ရတဲ့ မြို့ထဲနဲ့ ရွာထဲကို ၃မိနစ်နှင့် မောင်း၏။
ဒါတောင် အနောက်က လူပါလို့ အရှိန်မတင်တာ ဆိုပဲ။ အဲ့ထပ် မြန်ရင်လဲ အသားတွေ တစစီပဲ့ကာ လမ်းမှာတင် ကြွေခဲ့လောက်၏။
အိုက်လျှမ်းအမေ တီတီနုကလဲ သူတို့ကို အရင်လို အမြင်စောင်းတာမျိုး မရှိတော့။  ထို့အပြင် တီတီနုကပါ သားလေး သားလေးနှင့် ဘယ်ကတည်းက တီတီနု ကိုပါ စည်းရုံးလိုက်မှန်းမသိပါဘူး။ကျောင်း၌လဲ တော်တော်ငြိမ်၏။
ရန်ဖြစ်သည့် သတင်းထပ် အချိန်ပို လစ်သည်ကတော့ ရှိတာပေါ့။
သို့သော် စာတော်ကြ၏။ ပညာရေးတော့ အထိမခံကြပါ။
အခုလဲ မနက်ဖြန်အတွက် ထင်ပါတယ် ဆိုင်ကယ်တစ်စီးကို နှစ်ယောက်စီးကာ အနောက်က လူတွေက ပန်းစည်းတွေ တပွေ့တပိုက်နဲ့။ ကိုယ့်အိမ်ကိုယ့်ရာလိုပဲ ခြံတံခါးဖွင့်ဝင်လာကြ၏။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now