အခန်း(၃.၁)

Start from the beginning
                                    

ဒီမျိုးနွယ်က ဇာ့ဂ်ဖြစ်ပြီး ယခု ကုဟိုင်နှင့်သက်ဆိုင်တဲ့မျိုးနွယ်ဖြစ်တယ်။

ဇာ့ဂ်သည် အခြားသောကြယ်တာရာမျိုးနွယ်စုထဲတွင် ကွဲပြားသောအမှတ်တံဆိပ်တစ်ခုရှိတယ်။

ရက်စက်ကြမ်းကြုတ်ပြီး အန္တရာယ်ရှိကာ အလွယ်တကူရန်စလို့မဖြစ်ဘူး။

ခေတ်ဟောင်းတုန်းက ဇာ့ဂ်သည် ကြောက်စရာအကောင်းဆုံးကျူးကျော်သူတွေဖြစ်တယ်။ဇာ့ဂ်တိုင်းက ထူးချွန်တဲ့စစ်သည်တွေအဖြစ်မွေးဖွားလာပြီး သေရမှာကိုကြောက်ရွံ့မှုမရှိဘူး။သူတို့ရဲ့စိတ်ခံစားချက်ချို့တဲ့မှုက သူတို့ရဲ့ရန်သူကို သနားညှာတာမှုမရှိအောင်ပြုလုပ်ပေးတယ်။

ဇာ့ဂ်တွေ၏ခွန်အားက အခြားဘယ်မျိုးနွယ်စုထက်မဆို သာလွန်ပြီး ၎င်းတို့၏အထက်အရာရှိ၏အမိန့်ကို လုံးဝနာခံကြသည်။သူတို့က အမိန့်မှန်သမျှကို ဘယ်သောအခါမှ မေးခွန်းမထုတ်ဘဲ ဇာ့ဂ်၏ခွန်အားကို ကြောက်စရာကောင်းအောင်တိုးတက်လာအောင်လုပ်ပေးသည်။

ကူးပြောင်းလာပြီးနောက်မှာ သူက လူသားတစ်ယောက်မဟုတ်တော့ဘူး။ကုဟိုင်က ဒီအချက်ကိုလက်ခံအောင် ကြိုးစားဖို့ အချိန်တစ်ချို့အသုံးပြုလိုက်ရပေမဲ့ ကုဟိုင်အတွက် အခက်ခဲဆုံးအရာတော့မဟုတ်ဘူး။

သူ့အတွက်အခက်ခဲဆုံးအရာက သူ့ရဲ့လက်ရှိကိုယ်ပိုင်အထောက်အထားက မွေးကာစဇာ့ဂ်ဘုရင်ဖြစ်ပုံရတယ်။

ဇာ့ဂ်အဖွဲ့အစည်းတွင် ပိရမစ်ကဲ့သို့ ထူးခြားသော အဆင့်အတန်းများရှိတယ်။ပိရမစ်၏နိမ့်ကျသောအပိုင်းရှိဇာ့ဂ်သည် ဘယ်လိုစိတ်မကျေနပ်မှုမှမရှိဘဲ ၎င်းတို့သည် အဆင့်မြင့်ဇာ့ဂ်များ အကြွင်းမဲ့အညံ့ခံတယ်။

ဒါက ဇာ့ဂ်တို့၏သဘာဝနှင့်ဗီဇအားဖြင့် ဆုံးဖြတ်တာဖြစ်တယ်။ဒါက တခြားမျိုးနွယ်တွေရဲ့အမြင်မှာတော့ နားလည်ရခက်ခဲတယ်။

တစ်ဖက်မှာတော့ ကုဟိုင်က အခုဆိုရင် ပိရမစ်ထိပ်ဆုံးမှာရှိနေပြီဖြစ်တယ်။

သူနိုးမလာခင်အချိန်ထိ ဘယ်လောက်ကြာအောင် အိပ်ပျော်သွားမှန်းမသိဘူး။သူ့က မျက်လုံးဖွင့်လိုက်တာနှင့် သူ့ကိုယ်သူ အရင်ကသူနေခဲ့တဲ့အလုံပိတ်နေရာထဲမှာလဲလျောင်းနေတာကို တွေ့လိုက်ရတယ်။သူက ကူကယ်ရာမဲ့စွာ တစ်စက္ကန့်လောက်အေးခဲသွားသည်။

Zergဘုရင်လေးWhere stories live. Discover now