"ဦးမှာ မင်းလို အရွယ် တူလေး သုံးယောက်ရှိတယ်. . . ဆော့လိုက်တာ မျောက်တွေ ကျနေတာပဲ သူတို့ တစ်ခါတစ်ခါ ဆော့ရင် အိမ်ကြီးတစ်ခုလုံး ဗြောင်းဆန်သွားတာပဲ ဟား ဟ့ . . . ဦးကလေ အဲ့လို မျိုး အားနေ အော်ငိုပြီး အဆော့သန်တဲ့ ကလေးတွေထက် မင်းလို ငြိမ်ငြိမ်လေး နေပြီး ချစ်ဖို့ကောင်းတဲ့ ကလေးတွေကို ပို သဘောကျတယ်"

ထိုသူက ကိုးနောင်ရှေ့ မုဆိုးထိုင် ထိုင်ကာ ဆိုသည်။သူ့ ပါးစောင်မှာ တစ်ရာတန်
တုတ်ထိုး ချိုချဉ် ကို ခဲ ထားသည်။

"ကဲ ဦး သွားပြီ . . . ‌တော့တာ "

ကိုးနောင် လက်ထဲ ရောက်လာသော တုတ်ထိုး ချိုချဉ်များ။

"စားကြည့် အရမ်းကောင်းတယ်"
ထိုသူက ကိုးနောင်ကို ခေါင်းပုတ်သွားသည်။

"မ ရေ . . မောင် ပြန်ပြီ နောက် 6လ မှ တွေ့တာပေါ့ မောင် သင်္ဘောတက်ရမယ်"

ထိုသူသည် သင်္ဘောသားတစ်ယောက် ဖြစ်သည်။
ချောသည်။ခန့်သည်။အိမ်ထောင်ရှိ မိန်းမကိုတောင် မရှောင်တဲ့ထိ မြာလည်း ပွေသည်။

ကိုးနောင်ပေါက်စ သည် ထွက်သွားသော
ထိုသူကျောပြင်ကို တစ်ဆုံး ငေးကြည့်မိသည်။တစ်ဖန် သူ့လက်ထဲ တုတ်ထိုးချိုချဉ် ကို ငေးပြန်သည်။

သူ့ ဘဝတွင် သူတစ်ပါးထံမှ လက်ဆောင် ဆို၍ ကျောင်းက အိုဗာတင်းကားကြီး ဆီမှသာ ရဖူး၏။တုတ်ထိုးချိုချဉ် များကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။သူ မစားဘဲ သိမ်းထားခဲ့သည်။ဒါသည် သူ့ကို ပထမဆုံး ဂရုစိုက်ပေးခဲ့သူထံမှ ရခဲ့သည်မို့။

နောက်6လ အကြာ ထိုသူ ပြန်ရောက်လာပြန်သည်။
သူနှင့် အတူ ‌တယောအိုးကြီး တစ်လက်လည်း ပါလာသည်။

သူက ကိုးနောင်ကို ခြံထဲက ဒန်းပေါ် ထိုင် ချစေပြီး
သူ တယောထိုးတာကို ကြည့်ခိုင်းသည်။ညင်သာသိမ်မွေ့သော ဂီတသံသည် ကိုးနောင်ကို ထွေးပွေ့သည်။

"မင်း တယောထိုး သင်ချင်လား"

ကိုးနောင်က အဝေးကို အကြောင်းမဲ့ ငေးကြည့်နေရာမှ ခေါင်းငြိမ့်ပြသည်။သူလည်း တယောထိုးတတ်ချင်သည်။ငြိမ့်ညောင်းသော တယောသံကို နှစ်သက်သည်။အကယ်၍ သူသာ တယောထိုးတတ်ရင် ကျောင်းမှာ အပယ်ခံဘဝက လွတ်များ လွတ်လေမလား။

'LOTUS KILLER' {Ongoing}Where stories live. Discover now