ဆိုင်ကယ်ပေါ်မှ ဆင်းလာတဲ့ လူ ၄ဦးကြောင့် ဒီအရပ်အမောင်းကြီးတွေ ဘယ်နားမှာမြင်ဖူးနေတာပါလဲ။
ကျွန်တော်စဉ်းစားလို့ပင် မဆုံးသေးခင် ဆောင်းထားသော Helmet များကို ချွတ်လာတာကြောင့် ခပ်ဝိုင်းဝိုင်း မျက်ဝန်းအစုံဟာ ပြူးကျယ်ကုန်၏။
ဒီ ၈တန်းကောင် အုပ်စု ခြံရှေ့ကို ဘာလာလုပ်တာလဲ မသိပါဘူး။ ကြောက်ပါတယ်ဆို ဘာလို့ ပေါ်ပေါ်လာမှန်းမသိဘူး။ လူကိုမြင်တာနဲ့
မထိတထိနဲ့ နမ်းက နမ်းသေးတယ်။ အမေ့ဘက် လှည့်ကြည့်လိုက်တော့ အမေဟာ ခြံရှေ့မှာ ရစ်သီရစ်သီ နှင့် လုပ်နေကြတာမို့   စူးစမ်းဟန်ဖြင့် ခြံရှေ့ ထွက်သွား၏။

''ဟို ... အန်တီ မင်္ဂလာပါဗျ ကျွန်တော်တို့က ထွန်းလမင်းသာ သူငယ်ချင်းတွေပါဗျ"

"ဟမ် အမေ အဲ့တာက မ..."

သူတို့အဖွဲ့ထဲမှ အရပ် အရှည်ဆုံး တစ်ယောက်က တက်ကြွစွာ ပြောလာချိန် မဟုတ်တဲ့အကြောင်း အငြင်းစကားပင်မဆုံးသေးခင်
မောင် လို့ ခေါ်ခိုင်းတဲ့ ကတုံးကောင်က မျက်လုံးများမှေးကာပြောရဲရင်ပြောကြည့်ဆိုသော အကြည့်များ မြှားပစ်သလို ပစ်လွှတ်နေတာကြောင့် စကားလုံးများဟာ လည်ဝတွင် တစ်ဆို့ကုန်၏။

"ဪ.. သာသာလေးရဲ့ သူငယ်ချင်းတွေလား  သားကသူငယ်ချင်းတွေတောင်ရလို့ပါလား။
သားက သူငယ်ချင်းတွေကို ခေါ်လေကွယ်"

"ဟို အမေ.." စကားပင်မဆုံးသေးပါဘူး။

"ဟဲဟဲ ဝင်ပြီနော် အန်တီ "

"အေးကွယ် ဝင်ကြ သားတို့သူငယ်ချင်းက အန်တီချိုနဲ့ ပန်းပင်စိုက်နေတာကွယ် သားရေ လက်သွားဆေးချည်တော့
သူငယ်ချင်းတွေကို အိမ်ပေါ်ခေါ်သွား  အမေ ဆက်လုပ်လိုက်မယ်"

"အာ ရတယ် ရတယ် သူစိမ်းတွေမှ မဟုတ်တာ လမင်းရဲ့အမေက ကျွန်တော့်ရဲ့အမေပဲပေါ့ ကျွန်တော်တို့ပါ ပန်းပင်တွေ စိုက်ကူပါ့မယ်"

‌"အေးပါကွယ် ကျေးဇူးပါနော် သားတို့ရေ အန်တီချို ပြီးမှ
သဘေင်္ာသီး သုပ်ကျွေးမယ်နော်သားတို့ "

" ဟုတ်ကဲ့ပါဗျ"

ပြိုင်တူထွက်လာတဲ့ အသံ ၄သံ။ ဘယ်တုန်းက သူငယ်ချင်းတွေဖြစ်သွားလို့ အိမ်အထိရောက်လာကြတာလဲ။ ကျွန်တော်ကတော့ မနေ့ကအထိ ဒီဟာတွေအုပ်စုနဲ့တွေ့ရမှာကို ကြောက်လို့ကောင်းတုန်း။ ပြေးလို့ကောင်းတုန်း။
ကျောင်းလူမိုက် တွေဆို ၊ အိုက်လျှမ်းပြောတာ တအားဆိုးသွမ်းလွန်းတာဆို "ဟုတ်ကဲ့"တဲ့ အမေ့ရှေ့မှာ ယဉ်ကျေးနေပြကြတာများ ။ အယောင်ယောင်အမှားမှား ဖြင့် ကောင်းကင်ကြီးအား မော့ကြည့်မိ၏ မိုးများရွာချလာကာ မိုးကြိုးတွေများပစ်မလားပေါ့။ သို့သော် နေသာ နေပါ၏။ ဒီကောင်တွေ လိမ္မာပြနေလို့ ဒီလို မိုးကျတဲ့ရာသီမှာ နေသာနေတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now