သို့...ချစ်ရပါသော တီချယ်စိမ်း (part-1)

3.6K 136 5
                                    

'အကြိမ်ကြိမ်ရင်ခုန်မိသော မင်းမျက်ဝန်း
အာရုံမှာငြိတဲ့ မျက်ဝန်း...
မင်းရဲ့ အကြည့်မှာမြောနေခဲ့
မင်းရဲ့...မင်းရဲ့...အချစ်မျက်ဝန်း...'

ကော်ဖီဆိုင်တစ်ဆိုင်တွင် Lလွန်းဝါ၏ အချစ်မျက်ဝန်းသီချင်းသံဟာ မတိုးမကျယ်လေးပျံ့လွင့်နေသည်။

ထိုအချိန်ဆိုင်ထဲကို အမျိုးသမီးတစ်ဦးဝင်လာသည်။ ထိုအမျိုးသမီးမှာ ပိတ်​ဖောက်ဇာ ပန်းဆီရောင်လေးနှင့် အဖြူခံပေါ် အနီရောင် သစ်ရွက်သေးသေးလေးတွေပါသောထဘီကိုဝတ်ဆင်ထားသည်။ ကတ္တီပါ ဖိနပ်အနီရောင်လေးကိုလည်း ဝတ်ဆင်ထားသည်။ ကျောလည်လောက်ရှည်သောဆံနွယ်များကို စည်းနှောင်ထားသည်။

ထိုအမျိုးသမီးမှာ အလွန်ကိုကျက်သရေရှိလှသည်။

'ဘာမှာမလဲဗျ'

ခန့်မေးလိုက်သောအခါ မော့ကြည့်လာသော မျက်ဝန်းတစ်စုံဟာ အလွန်ညို့ယူအားပြင်းလှသည်။ ခန့်ရင်ထဲတွင် ကုလားဘုရားလှည့်သွားသလိုပင်။ ဆိုင်ထဲတွင်ဖွင့်ထားသော သီချင်းနှင့်ထပ်တူကြနေသည်။

မြင်မြင်ချင်း အချစ်ဆိုတာ ဒါမျိုးလား။

'latte'

'ဟုတ်ကဲ့ နောက်ပြီးတော့ရော'

'chocolate cake'

'ဟုတ် ဒါဘဲလား'

'အင်း'

'****​ ကျပါတယ်'

'ရော့'

ဟုဆိုကာ ပိုက်ဆံထုတ်ပေးသည်။ ခန့်လည်း ဘောက်ချာနဲ့ ပိုသောငွေပြန်အမ်းလိုက်သည်။

ထို့နောက် ထိုအမျိုးသမီးက ပြတင်းပေါက်နှင့်နီးသော အစွန်ဆုံး စားပွဲဝိုင်းတွင်ဝင်ထိုင်လိုက်သည်။

ခဏကြာတော့ ခန့်လည်း ကော်ဖီခွက်သွားချပေးလိုက်သည်။
ပြန်အလှည့်တွင် ထိုအမျိုးသမီးထိုင်နေသော ခုံအနားပုဝါတစ်ခုကြနေသည်။

ခန့်ကောက်ကြည့်လိုက်တော့ ထိုပုဝါပေါ်တွင် စိမ်းမဟာနွယ်ဟု ထိုးထားသည်။

'ဒါအန်တီ့ ပုဝါများလား'

'ဟုတ်ပါတယ်'

'ဒီနားလေးမှာကြနေတာ ခန့်တွေ့လို့'

သို့...ချစ်ရပါသော တီချယ်စိမ်း(Complete)Where stories live. Discover now