သို့...ချစ်ရပါသော တီချယ်စိမ်း (final)

2.4K 108 16
                                    

၁နှစ်ခန့်ကြာသောအခါ....

ခြံတစ်ခြံရှေ့တွင် ပန်းပင်များရေလောင်းကာ တစ်ယောက်သောသူလာရာလမ်းကို မျှော်နေသူမှာ ဒေါ်စိမ်းမဟာနွယ်ပင်။

'ခန့်ကလည်း ကြာလိုက်တာကွယ် သူဘဲ ဒီချိန်လာမယ်ဆိုပြီး'

နှုတ်ခမ်းလေးဆူကာ ပြောလိုက်သည့်ပုံစံမှာ အသက်၄၀ကျော် ဒေါ်စိမ်းမဟာနွယ်မှ ဟုတ်ရဲ့လားဟု တွေးတောစရာပင်။

'ခန့်အမျိုးသမီးလေးရေ'

'ဘာလဲ'

'ဟင် ထူးလိုက်တာကြီးကလည်း'

'‌ဘာလို့နောက်ကျနေတာလဲ'

'ခန့် ကိစ္စလေးရှိနေလို့ပါ'

'လာပြန်ပြီ ကိစ္စ အမြဲ အဲ့ကိစ္စဘဲ ရှိနေတာဘဲ'

'အဲ့တော့ ခန့်အမျိုးသမီးလေးက ရွှေစိတ်တော်ညိုးနေတယ်ပေါ့'

'ကြည့်တာနဲ့တင် မသိဘူးလား'

'သိပါ့ဗျာ အဲ့တော့ချော့ရမှာပေါ့'

'ဟွန့် မသိဘူး ဘာမှလာမပြောနဲ့'

ထို့နောက် သွေးများစွန်းနေသော စာရွက်လေးတစ်ရွက် လွင့်ကြလာကာ ခန့်က စိမ်းလက်ထဲထည့်လိုက်သည်။

"သို့ ချစ်ရပါသော တီချယ်စိမ်း

ခန့်လေ တီချယ်စိမ်းကို အရမ်းချစ်ခဲ့ပါတယ်။ တီချယ်စိမ်းက ခန့်ရဲ့ အချစ်ဦးဆိုလည်း ဟုတ်တယ်။ အချစ်ဆုံးဆိုလည်းဟုတ်ပါတယ်။ ဒါပေမယ့် အခုခန့်က တီချယ်စိမ်းကို အရင်လိုမချော့နိုင်တော့ဘူးလေ။ ခန့်တီချယ်စိမ်းအနားမှာ အမြဲရှိနေပေမယ့် အရင်လိုချော့လို့မရတော့ဘူး။ အခုခန့်သွားရတော့မယ်။ တီချယ်စိမ်း ကျန်းမာရေး ဂရုစိုက်ပါ။ အရင်လို အရမ်းလည်း စိတ်တွေမကောက်ပါနဲ့တော့။ ခန့်သွားရတော့မယ်။ ခန့်ကို သူတို့တွေခေါ်နေပြီ။ အရမ်းချစ်တယ်နော်။

ချစ်သောခန့်"

စာလေးကို ဖတ်ပြီးသည့်အဆုံး ခန့် စိမ်းကိုပြုံးပြကာ ပျောက်ကွယ်သွားလေတော့သည်။

'ဟင် ခန့် ခန့် ခန့်မသွားပါနဲ့'

'မမလေး မမလေး မမလေး သတိထားပါအုန်း'

'ဟင် ဘာ ဘာလဲ '

'မမလေး ဆေးသောက်ရမယ့်အချိန်ရောက်ပါပြီ သွားရအောင်နော်'

'မသွားဘူး မသွားဘူး ငါ ငါ ခန့်နောက်ကိုဘဲလိုက်သွားမှာ'

'လာပါ မမလေးရယ် မမလေးခန့်က အထဲမှာစောင့်နေပါတယ်'

'ဟင် ဟုတ်လား သွားမယ် လာလေ သွားမယ် နင်ဘာလုပ်နေတာလဲ'

'ဟုတ် ဟုတ် သွားကြမယ်'

အထဲရောက်တော့ အိမ်ဖော်မလေးက စိမ်းအား ဆေးတိုက်ကာ သိပ်လိုက်သည်။

'မမလေး အ‌ခြေအနေက တစ်နေ့ထက် တစ်နေ့ပိုဆိုးလာသလိုဘဲနော် ဘကြီး'

'အေးကွယ် သမီးက အသစ်ဆိုတော့ ဘယ်သိအုန်းပါ့မလဲ မမလေးစိမ်းက ခန့်လေးကို အရမ်းချစ်တာကွယ့် ဘကြီးတို့လည်း အရင်တုန်းက ဒီကလေးက စိမ်းကို တကယ်ချစ်မယ်လို့ မထင်ခဲ့ဘူး ဒါပေမယ့် အခုကြ အသက်ပါပေးသွားတော့ သူတို့နှစ်ယောက်ကြားက ချစ်ြခင်းမေတ္တာ တရားတွေကို ဘကြီး ခံစားမိသွားပါပြီကွယ်'

'ဒါနဲ့ မမလေးခန့်ရဲ့ မိသားစုကရော'

'သူ့အမေကတော့ နိုင်ငံခြားမှာ သူ့စိတ်နဲ့ဘဲ ကျန်းမာရေးမကောင်းဘူးတဲ့ တစ်ယောက်တည်းရှိတဲ့ သမီးလေးဆိုတော့လည်း ခံစားရရှာမှာပေါ့ သူ့အဒေါ် ဆရာမရည်မွန်ကတော့ တရားနဲ့ဘဲ ‌ဖြေပါတယ်တဲ့လေ အိမ်ကိုလည်း ခဏခဏလာတယ် ခန့်က သူ့တီချယ်စိမ်းကို အပ်သွားတယ်ဆိုလို့လေ'

'အော် တော်တော် အချစ်ကြီးကြတာဘဲနော်'

'အေးကွယ် ကဲ သမီးလည်း လုပ်စရာရှိတာလုပ်တော့ ဘကြီးလည်း ခြံထဲမှာ ‌လုပ်စရာလေးတွေရှိသေးတယ်'

'ဟုတ် ဘကြီး'

~~~~~~~~~~

‌ပြီးပါပြီ။

Ficလေးကို အဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။ senior authorတွေလိုတော့ perfectမဖြစ်ပေမယ့် စွမ်းသလောက်တော့ ကြိုးစားထားပါတယ်။ လိုအပ်ချက်လေးများရှိရင်လည်း အကြံဉာဏ်လေးများပေးကြပါလို့။

🎉 Dokončil/a jsi příběh သို့...ချစ်ရပါသော တီချယ်စိမ်း(Complete) 🎉
သို့...ချစ်ရပါသော တီချယ်စိမ်း(Complete)Kde žijí příběhy. Začni objevovat