"jimin"
kimရဲ့နှုတ်ခမ်းထောင့်တွေ ကော့တက်သွားတဲ့အခါ
kim၏မူပိုင် လေးထောင့်အပြုံးလေးဟာနေရာယူပြီးသား။
"လွမ်းနေတာ!!"
"အပိုတွေ မနေ့ကပဲ တူတူဆော့ခဲ့တယ်လေ!!"
အတူတူဆော့ခဲ့တယ်ဆိုတာထက် ဆော့နေခဲ့တဲ့jimin ကို
ငေးကြည့်နေတယ်လို့ပြောရင်ပိုမှန်မယ်...၊
kimကအမူအရာပိုပိုသာသာလေးလုပ်ပြတော့ jiminကkimကို မျက်စောင်းထိုးလာသည်...။
jiminက ဘာလေးလဲ၊
"မင်းအမေလုပ်ပေးတဲ့ ဆန်မုန့်စားချင်လို့လာတာ"
"သိသားပဲ ဒါကိုလာလိမ်နေတယ် ဟွန့်!!"
ကောက်စိန်လေးဟာ နှုတ်ခမ်းထော်ကာ ရှေ့မှကော့တော့ကော့တော့နှင့်အိမ်ထဲသို့ ဝင်သွားလေပြီ...။
jiminရှိရာအရပ်သည် kim၏ဒုတိယမြောက်အိမ်။
လွမ်းသည်ဆိုတော့လည်းမဟုတ်ရ...၊
မလွမ်းဘူးဆိုတော့လည်းမကျေနပ်ပြန်...။
ကောက်စိန်လေးကိုkimဘာကြောင့်များသဘောကျခဲ့သလဲ။
"သားkimရောက်လာပြီလား သားသူငယ်ချင်းကတော့ ကောက်တော်မူနေပြီ"
"taeကသူကိုလာတွေ့တာမဟုတ်ပဲ အန်တီရဲ့ဆန်မုန့်လာစားတာလို့ပြောလိုက်လို့လေ"
"သူကတော့သိတဲ့အတိုင်းပဲသားရေ ဟိုဟာလဲမဟုတ်ဒီဟာလဲမဟုတ် သက်သက်ရစ်နေတာ"
"taeသွားချော့လိုက်အုန်းမယ်နော်"
"အေးအေး သားသြား"
jimin၏မိခင်ပြုံးမိသည်...
ထိုကောင်လေးသည် jiminကိုတော့သိပ်ကိုခင်တွယ်ရှာတာ။
5နှစ်အရွယ်ထဲက jiminအနားမှာပဲအမြဲရှိနေခဲ့တာ...
အခုထိပြောင်းလဲသွားတာမျိုးမရှိခဲ့။
kimအပေါ်ထပ်သို်တက်လာခဲ့သည်၊ jimin၏အခန်းရှေ့ရောက်တော့ ဖြည်းဖြည်းလေးဖွင့်ပြီးဝင်သွားလိုက်သည်။
အဝါရောင်တွေဟာjimin၏အခန်းအပြည့်...
kimဟာ အပြာရောင်ဆိုရင်...
jiminကအဝါရောင်ပင်...
သူတို့မှာတူညီတာတွေကတော့ ပင်လယ်ပြာကိုချစ်မြတ်နိုးခြင်းသာ...။
jimin၏စာရေးစားပွဲပေါ်တွင် ဒုဓလီပန်းလေးတွေရှိနေသည်...
kimကပေးထားခဲ့ခြင်း။
"jimin"
အဝါရောင်စောင်ထုပ်လေးဟာအနည်းငယ် လှုပ်သွားသည်...
သို့ပေမဲ့ ဘာမှတော့ပြောမလာခဲ့ပေ။
kimအိပ်ရာအစွန်းလေးတွင်ဝင်ထိုင်တာကြောင့် အဝါရောင်မွေ့ယာလေးဟာအနည်းငယ်နစ်ဝင်သွားသည်။
အဝါရောင်စောင်ထုပ်လေးကတော့တုန့်ပြန်မှု နတၳိ...။
"jiminဒီနေ့လေ အိမ္ကို kimသခင်ကြီးရောက်လာတယ် အဟက် ငါ့အစ်ကိုဆိုတဲ့သူရောပဲ ဟိုမိန်းမကြီးရောပေါ့"
"..."
"သူတို့တွေကလေ နည်းနည်းတောင် ငါ့အပေါ်ရောမေမေအပေါ်ကိုရော အားမနာကြဘူးနော် သူတို့ကြောင့်မေမေကသေသွားတာတောင်မှလေ"
စောင်ထုပ်လေးကနောက်ဆုံးတော့လှည့်ကြည့်လာခဲ့ပြီ။
jiminလှည့်ကြည့်လိုက်တော့kimဟာငိုနေခဲ့ပြီ...
kimနဲ့မလိုက်ဖက်တဲ့မျက်ရည်တွေဟာkim၏ပါးပေါ်မှာ၊
ရှိုက်သံလုံးဝမထွက်တဲ့kimဟာ သိပ်တော်တယ်လို့ပြောရမလား...။
jiminသာလှည့်မကြည့်ရင်kimငိုနေတာကိုသိတောင်သိလိုက်မည်မဟုတ်ချေ။
kimကတခါတေလ
ပင်လယ်ပြာကဲ့သို့ မာယာလေးတွေနှင့်...။jiminလကနှစ်ဖက်ကို့ဖွင့်ပေးလိုက်တော့
ရင်ခွင်ထဲသို့ခေါင်းပြာပြာလေးကတိုးဝင်လာသည်။
kimထံ၌ဘာကြောင့်ဤမျှခက်ခဲသောကိစ္စမျိုး
ရှိနေရပါသနည်း...။
kimကလည်းပျော်ရွှင်မှုနဲ့ထိုက်တန်တဲ့လူသားတစ်ယောက်ပင် မဟုတ်လား။ငါမင်းကိုပျော်ရွှင်အောင်လုပ်ပေးပါ့မယ်kim။
"အဆင်ပြေပါတယ် ငါနဲ့အတူရှိနေတယ်လေkim
jiminကangleလေးလေသိတယ်မလား"
"အင်းငါ့အတွက်ရှိနေတဲ့kimရဲ့angleလေး"
"အင်းငါကမင်းရဲ့angleလေးkimဒါကြောင့်မို့မငိုနဲ့နော်"
"အင်းjiminရှိရင်အဆင်ပြေသွားပြီမို့မငိုတော့ဘူး"
kimဟာ ဘဝမွာ အရွယ်နဲ့မမျှခံစားရတာတွေရှိတော့
kimစီကို မထင်မှတ်စွာနဲ့ရောက်ရှိလာတဲ့ jiminကို
kimအတွက်ဖြစ်တည်လာတဲ့သက်ရှိလေးအဖြစ
်kimကမှတ်ယူပစ်လိုက်တာပဲ...။
သတိjiminသည် kimအပိုင်ဖြစ်သည်။
YOU ARE READING
ပင္လယ္ျပာဒိုင္ယာရီ(ပင်လယ်ပြာဒိုင်ယာရီ)
RomancePlumeria ပန်လေးတွေရဲ့အဓိပ္ပါယ်ကkoreaမွာ "မင်းနဲ့တွေ့ဆုံရတာကိုယ့်အတွက်ကံကောင်းမှုတစ်ခုပါပဲ"တဲ့... "ပထမဆုံးတွေ့ဆုံမှုတွေဟာ လှပတယ် ဂျီမင်... တခြားကြောင့်မဟုတ်ဘူး မင်းကိုစသိခဲ့ရတာကြောင့် လှပခဲ့တာ..." kim၏ပင်လယ်ပြာဒိုင်ယာရီမှ Plu...
part-3(zawgi and uni)
Start from the beginning
