အချစ်မှာမျက်စိပါရင်တောင်မှ
ပင်လယ်ပြာကိုပဲ ချစ်မှာ...။
ပင်လယ်ပြာတွေလောက် ဘယ်အရာကိုမှ
ပိုမြတ်နိုးခြင်းမရှိခဲ့....။
-----------------------------------
Jimin၏ ကြေညာချက်သည်
ပရိသတ်များအား ဝရုန်းသုန်းကားဖြစ်သွားစေခဲ့သည်။
Jimin သည်liveတွင် စကားတစ်ခွန်းထဲသာပြောကြားခဲ့သည်။
"ယောရောပွန်း အခုထွက်နေတဲ့ကျွန်တော်နရဲ့ချစ်သူကောင်လေးဆိုတဲ့သတင်းက အမှန်ပါ..."
"ကျနော်တို့က ငယ်ငယ်ကတည်းကသိကျွမ်းခဲ့ပြီးတော့...
ခိုင်မြဲတဲ့ဆက်ဆံရေးတစ်ခုပါ၊
အင်း...ဘယ်အချိန်ကစပြီး
သဘောကျမိသွားတာလဲဆိုတာတော့ကျွန်တော်လည်း မသိတော့ဘူး။
ပရိသတ်တွေအနေနဲ့ စိတ်ပျက်တာမျိုးတွေရှိမှာပါပဲ ...ဒါပေမယ့်
ကျွန်တော်ကအမြဲတမ်း ပရိသတ်တွေအတွက်ကြိုးစားနေတယ်ဆိုတာသိထားပေးပါ။"
အနည်းငယ်တုန်ယင်နေသောလက်ကို
နွေးထွေးနူးညံ့သောလက်လေးအုပ်မိုးလာသည်...ကြည့်လိုက်တော့ အနက်ရောင်လေး။
မျက်ရည်ဝဲနေသည့်ကြားမှပြုံးပြတော့
ရှောင်လွှဲသွားသော မျက်ဝန်းဝိုင်းတွေ...
မပြောပြဖူးပေမဲ့
မျက်ဝန်းဝိုင်းတွေဟာလည်း
ပင်လယ်ပြာလို ဆွဲဆောင်နိုင်တာပဲ...။
မမြင်ချင်ယောင်သာဆောင်ထားပေမဲ့
ညို့နိုင်အားဟာသိပ်ကောင်းပါသည်။
"ကျွန်တော်ကတော့ jiminsiiမှားတာမျိုးမရှိဘူးလို့ထင်ပါတယ်။
ပြီးတော့သူတို့ကသိပ်ကိုလိုက်ဖတ်လွန်းတယ်လေ...အင်း...တကယ်ကိုအားကျလောက်စရာပေါ့ အားကျမိခဲ့ပါတယ်။"
အားကျရုံတင်မဟုတ်ဘဲ
မနာလိုမိတဲ့အထိဆိုတာတော့
ပင်လယ်ပြာလေးကောင်းကောင်း
သိပါလိမ့်မည်လေ။
ဝေဖန်မှုတွေများပြားသကဲ့သို့
နောက်ဆုံးအထိ jiminဖတ်ကရပ်တည်ကြသူတွေလည်း အများအပြား...။
ရွှေဝါရောင်လေးသည် ဘာကိုမှဂရုစိုက်မနေဘဲ
အပြာရောင်လေး၏လက်ကိုဆွဲကာ
ပင်လယ်ပြာဆီပြေးသွားရန်အားသန်နေခဲ့သည်။
တွဲထားတဲ့လက်တွေကို ကြည့်ရင်း
ပင်လယ်ပြာက ပြုံးသည်...
ချစ်ခြင်းတွေဟာ ဖုံးကွယ်စရာမှမလိုဘဲ။
အနက်ရောင်လေးဟာလဲ
မီဒီယာတွေကို ဖြေရှင်းပြောကြားပေးခဲ့ပြီး
သူသည်jiminsiiနဲ့အတူအမြဲရပ်တည်နေမည်ဖြစ်ကြောင်း ထုတ်ဖော်ပြသခဲ့သည်။
YOU ARE READING
ပင္လယ္ျပာဒိုင္ယာရီ(ပင်လယ်ပြာဒိုင်ယာရီ)
RomancePlumeria ပန်လေးတွေရဲ့အဓိပ္ပါယ်ကkoreaမွာ "မင်းနဲ့တွေ့ဆုံရတာကိုယ့်အတွက်ကံကောင်းမှုတစ်ခုပါပဲ"တဲ့... "ပထမဆုံးတွေ့ဆုံမှုတွေဟာ လှပတယ် ဂျီမင်... တခြားကြောင့်မဟုတ်ဘူး မင်းကိုစသိခဲ့ရတာကြောင့် လှပခဲ့တာ..." kim၏ပင်လယ်ပြာဒိုင်ယာရီမှ Plu...
