Part - 14 (Unicode)

Start from the beginning
                                    

အခန်းတွင်း အတော်ကြာအောင်တိတ်ဆိတ်သွားပြီးကာမှ

" ကိုလေးသက်ထက်ပန်ကတော့ ဖြစ်ခဲ့တာတွေအတွက်
သူ့အမှားလို့အထင်ခံနေရတာကို စိတ်မကောင်းဖြစ်နေပုံပ
ရတယ် "

" မင်းကိုပြောပြတာလား "

" မဟုတ်ပါဘူး ကိုလေးရှိန်းဆုံးတာ သူ့အပြစ်လို့
ထင်နေလားဆိုပြီး ကျွန်တော့်ကိုမေးဘူးလို့ ၊
အရာအားလုံးက သူ့အပြစ်မဟုတ်ပါဘူးလို့ ကျွန်တော်
ပြောခဲ့တယ် ၊ ဆရာအနေနဲ့ ပြောပေးရင်လသူပိုပြီး
ပျော်ရွှင်ရမယ်ထင်ပါတယ် "

" အရင်ကတော့ အဲကိစ္စနဲ့ပတ်သက်ပြီးသူ့ကိုပြောခဲ့
မိတယ် ၊ ဒါပေမဲ့ အခုနောက်ပိုင်း ငါသူ့အပေါ်
ဘာမှမပြောတော့ပါဘူး ဒါတောင်မှ သူကတေးမှတ်
ထားတုန်းတဲ့လား "

" တမင်တကာတေးမှတ်ထားတာမျိုးတော့ မဟုတ်
လောက်ပါဘူး အကိုလေးသက်ထက်ပန်ရဲ့ပုံစံက
တစ်ခုခုဆိုရင် စိတ်ထဲမှာခံစားပြီးစိတ်မကောင်းဖြစ်နေတာ
မျိုးနေမှာပါ  နောက်ပြီး သူက ကိုထက်မြတ်ကိုသဘော
ကျပုံမရဘူး "

" အဲကိစ္စကိုငါသိတယ် မနက်ကစိတ်ကောက်သွားတာလဲ
ထက်မြတ်ဦးကြောင့်ပဲ ၊ မင်းလဲသိနေသားပဲ လင်းမြတ်ရယ်
ငါထက်မြတ်ဦးကို ချက်ချင်းလိုက်လို့် မရသေးဘူး ၊
ရေလိုက်သင့်ငါလိုက်သင့်နေပြီး ငါ့အလုပ်တွေလက်စသတ်
ရမယ်လေ"

တကယ်လဲ မပြီးပြတ်သေးသည့်တစ်ချို့အလုပ်တွေကို
ထက်မြတ်ရဲ့အဖေက ကူညီပေးနေခြင်းဖြစ်သည်။
ပြည်ပမှာရှိနေသေးသည့် ကိုယ့်အပိုင် တရားမဝင်
ငွေကြေးတစ်ချို့ကို တရားဝင်ငွေကြေးအနေဖြင့်
ဒီနိုင်ငံထဲကိုစီးဆင်းလာစေဖို့ ထက်မြတ်အဖေရဲ့အကူ
အညီလိုအပ်သည်။ ဒါက ထက်မြတ်ရဲ့အဖေအတွက်
အမြတ်အစွန်း အများကြီးရနိုင်သည့်အလုပ်ဖြစ်သလို
ကိုယ့်အတွက်လဲ ပိုင်ဆိုင်ထားတဲ့ငွေကြေးပမာဏ
အများအပြားကိုဘမြန်မြန်လေးငွေဖြူပြောင်းနိုင်သည့်
အခြေအနေဖြစ်သည်။ နှစ်ဦးနှစ်ဖက်အကျိုးရှိသော
ပူးပေါင်းမှုပင်ဖြစ်သည်။

" ဒါပေမဲ့ အကိုလေးသက်ထက်ပန်ကိုတော့ နားလည်
အောင် ရှင်းပြထားရင်ကောင်းမယ် "

My Husband Hates Me ( Completed )Where stories live. Discover now