Part - 14 (Unicode)

Começar do início
                                    

" ရှိန်းငယ်က ပုံမှန်ဆို ဒီလောက်မသောက်ပါဘူး ၊
သူClub ထဲမှာ ဘယ်သူတွေနဲ့သောက်တာလဲ "

" Club ထဲမှာ ဘယ်သူတွေနဲ့တွေ့ခဲ့လဲဆိုတာကို
ကျွန်တော်ရှာကြည့်သေးတယ် ၊ ဒါပေမဲ့ အဲည
ကိုလေးရှိန်း Club ထဲမှာရှိနေတဲ့အချိန် CCTV ပျက်
နေလို့ဘာမှရှာမရဘူး "

" ရှိန်းငယ်သေတာ သွေးရိုးသားရိုးလို့မင်းထင်လား "

" သွေးရိုးသားရိုးဆို CCTV ပျက်နေစရာမှအကြောင်း
မရှိတာ "

" ဟုတ်တယ် တစ်ယောက်ယောက်ရဲ့လက်ချက်နေမှာ
လူဇော့်ရဲ့လက်ချက်ဖြစ်မလား အခြားသူတွေရဲ့
ပယောဂပါသေးလားဆိုတာ ရှာမှရမယ် "

" အခု ဆရာ့ဆီကို နောက်ထပ်ဖိုင်အသစ်ပို့ပေး
ထားတယ် ကြည့်ကြည့်ပါဦး ၊ အဲဒါက အကိုလေးရှိန်း
ယာဉ်တိုက်မှုဖြစ်တဲ့အချိန်က အနီးအနားမှာရှိနေတဲ့
ဈေးဆိုင်တစ်ခုကနေတပ်ထားတဲ့ CCTV ကနေ
ရှာထားတာပါ "

ဖိုင်ကိုကြည့်လိုက်သည့်အခါ တိတ်ဆိတ်နေသည့်
လမ်းမထက်အပြိုင်စီးလာသည့် စက်ဘီးနှစ်စီး။
ရုတ်တရက်ဆိုသလို လမ်းကြားထဲကနေအရှိန်ပြင်းစွာ
နဲ့မောင်းထွက်လာသည့်ကားတစ်စီး ။ကားက
အရှိန်လည်းပြင်းသလို ယာဉ်ကြောလည်းမှားနေသေး
သည်။ လမ်းပေါ်ကို အမြင့်ဆုံးအရှိန်နဲ့မောင်းလာသည့်
ကားက ပျော်ရွှင်စွာစက်ဘီးစီးနေသော ကလေး
နှစ်ယောက်စီကို တည့်တည့်တိုးဝင်သွားသည့်အခါ။
စက္ကန့်ပိုင်းအတွင်းမှာပင် လမ်းမထက်တွင်သွေးချောင်း
စီးခဲ့ရလေတော့သည်။

မွန်းကျပ်လာသည့်စိတ်တွေကို ပြေလျော့သွားအောင်
သက်ပြင်းသာချနေမိတော့သည်။ ရှိန်းငယ်ရဲ့
နောက်ဆုံး အချိန်ကိုမြင်လိုက်ရခြင်းက ရင်ဘက်ထဲ
အထိဆုတ်ဖြဲခံလိုက်ရသလိုမျိုး နင့်နင့်နဲနဲ ခံစားလိုက်
ရသည်။ စီးကျသွားသည့်မျက်ရည်က စားပွဲခုံပေါ်
ကျသွားပေမယ့် သုတ်လိုက်ဖို့သတိမရနိုင်။
တစ်ဆက်တည်းမှာပင် လမ်းပေါ်လဲကျနေသည့်
ကလေးအတွက်လဲ ဘာမှအများကြီးဖြစ်မသွားလို့
တော်ပါသေးရဲ့ဆိုသည့်အတွေးကို တွေးလိုက်မိသည်။

" အကိုလေးရှိန်းက သူ့အမှားကိုသိပုံရတယ်ဆရာ "

" ဟုတ်မှာပါ ရှိန်းငယ်က အခြားသူအပေါ်အမြဲတာဝန်
ကျေချင်တဲ့ကလေးဆိုတော့ သူ့ကြောင့်ထိခိုက်သွားရ
တဲ့ကလေးတွေရဲ့အသက်ကို ရအောင်ကယ်ချင်တဲ့ပုံပဲ
နောက်ဆုံးအချိန်ထိ သူတာဝန်ကျေသွားတာပဲ "

My Husband Hates Me ( Completed )Onde as histórias ganham vida. Descobre agora