အချစ်လွန် သို့ အချစ်ကျွန် (Extremely Love)

Start from the beginning
                                    

ပိုင့်ကို ခါးပတ်နဲ့ အားကုန်လွှဲရိုက်နေတဲ့ လူက ငါ
ကိုယ်ချစ်တဲ့လူတစ်ယောက်ကို
ကိုယ်တိုင် ရိုက်ပြီး
သေလုမျောပါးအချိန်ကို ကြည့်နေမိချိန်
ကိုယ့်ကြောင့်ဆိုတဲ့ ခံစားချက်နဲ့ ....
ဆွဲမိတဲ့ကြိုးက လည်ပင်းပေါ်မှာ!!!

#*#*#*#*#*#*#**$*#**$***#*#*#

ပိုင်..
ပိုင့်

"ကိုဇေ ကိုဇေ သတိရပြီလား"

"ငါ ငါ အကုန်မှတ်မိပြီး
ငါ့ကိုယ်ငါ သတ်သေခဲ့တယ်
ပိုင်ရော ပိုင်သက်သာလား
ပိုင် ဘယ်မှာလဲ
စစ်ရန် မင်းကရော
မင်းကဘယ်လို လုပ်ပြီး
ငါ့ဘေးရောက်နေရတာလဲ"

"ဖြေးဖြေးချင်းစဉ်းစားလိုက်
ဖြေးဖြေးချင်းပေါ့
အခုကိုဇေသိစေချင်တဲ့တစ်ရက်ကိုမှတ်မိနေပြီဘဲ
ခဏနားလိုက် ကိုဇေ
အဆင်ပြေသွားမှာပါ"

လက်ထပ်ဖိတ်စာလေး စစ်ရန်မှုးယူပြတော့
"စစ်ရန် ဟာသလာမလုပ်နဲ့ ငါခွင့်မလွှတ်ဘူးနော်"

"ရက်စွဲအတိအကျပါနေတာကို
ကျနော်က နောက်ပါ့မလား ကိုဇေ"

မဟုတ်ဘူး ပိုင်က ငါ့ကို ထားခဲ့မယ်သူမဟုတ်ဘူး

"အော် ခင်ဗျား စာမတတ်ဘူးလား ကိုဇေ"
ဖိတ်စာကိုင်ပြီး မျက်ရည်တွေကျနေတဲ့
ကိုဇေ့ကိုလည်း သနားနေမိပြန်တယ်

မနက်ဖြန် ကျနော်တို့မဂ်လာဆောင်မှာ
ကောင်းလင်းပိုင်က သတို့သားအရံလုပ်ပေးဦးမှာ
အဲ့လောက်ဆို နားလည်ပြီလား ကိုဇေ

"ငါ ပိုင်နဲ့တွေ့ချင်တယ် စစ်ရန်"

"တွေ့ရမှာပါ"

"အခုတွေ့ချင်တယ်"

"ကိုဇေ အဲ့လိုဆက်ဖြစ်နေရင်
မဂ်လာပွဲပြီး ကောင်းလင်းပိုင်ကို
ဒီအိမ်မှာဆက်မထားတော့ဘူး‌
အစက အိမ်ဖော်လိုလို့ ခေါ်ထားပေမယ့်
တစ်ခြားတစ်ယောက်ခေါ်တော့မယ်"

"စကားပြောဆင်ခြင် စစ်ရန်
ငါ့ချစ်သူကို အဲ့လိုပြောဆိုမခံနိုင်ဘူး"

"သူ့ကို အဲ့လိုဆက်ဆံတာ ခင်ဗျားလေ ကိုဇေ
ကျနော်မဟုတ်ဘူး
ပြီးတော့ သူ ကျနော်တို့ကို
ဒီအိမ်လက်ဖွဲ့ထားလို့ သူ့ကိုနှင်ချပြီး
ကျနော်တို့ဒီမှာဘဲနေကြမယ်"

အချစ်လွန် သို့' အချစ်ကျွန် CompletedWhere stories live. Discover now