အချစ်လွန် သို့ အချစ်ကျွန် Room23

451 13 6
                                    

အချစ်လွန် သို့ အချစ်ကျွန် (Extremely Love)

Room 23

ကားဘေးမှာ ရပ်ပြီးစောင့်နေတဲ့
ကောင်းလင်းပိုင်ကို ထင်တာထက်ပို
အံ့ဩရတယ် ကိုယ်မချစ်တဲ့လူတစ်ယောက်အတွက်များဗျာ...

"ကိုဇေ ခင်ဗျား ကောင်းလင်းပိုင်ကို ချစ်ခဲ့တာ
တကယ်ရော ဟုတ်ရဲ့လား"

"မင်းဘာလို့ အဲ့ဒီမေးခွန်းမေးရတာလဲ စစ်ရန်
ငါ့အချစ်က စစ်မှန်တယ် ပြောင်းလဲလို့မရဘူး"

"ပြောင်းလဲလို့မရမဆိုတာထက်
ကောင်းလင်းပိုင်က ကိုဇေ့ကိုချစ်တယ်
ပြောခဲ့ဖူးလို့လား"

"ဘာကွ... မင်း....အေးလေ ငါ့ကိုမချစ်လို့
မင်းလက်ထဲထည့်တာပေါ့
မင်းကတော့ ပျော်နေမယ်ထင်ပါတယ်
ငါမင်းကို လုံးဝမချစ်သလို လုံးဝမှစိတ်မရှိဘူး စစ်ရန်"

သိတယ်လေ"

ဘာကွ..."

"လွှတ်ပါ ကိုဇေရ လည်ပင်းအစ်နေပြီ
ကျနော် ကောင်းလင်းပိုင်မဟုတ်ဘူး
ကိုဇေ့အပေါ်အများကြီး
သည်းခံပေးနိုင်မယ်မထင်ဘူး"

"မင်း မင်း ဘာကြောင့်ငါ့ကိုပိုင်ဆိုင်ချင်ရတာလဲ"

"နောက်တော့သိရမှာပေါ့ဗျာ ဒါနဲ့
ကိုဇေ မချစ်တာနဲ့ ကောင်းလင်းပိုင်မချစ်တာက
မတူဘူးနော်
ကိုဇေက မချစ်တာက
ကျနော့်အပေါ်ခံစားချက်မဲ့နေသလို
ဘာမှလည်း ဝေမျှခံစားတာမျိုးမရှိဘူး
ကိုကောင်းလင်းပိုင်ကျ ကိုဇေ့အရာရာကို လိုက်လျောပြီး မချစ်တာနော်
ကျနော့်အမြင်ပေါ့လေ
ဧည့်ခံပွဲမှာ တုံ့ပြန်တာတွေအစ
လက်ရှိကိုဇေအနိုင်ကျင့်တာ
သည်းခံတာအဆုံးပေါ့
တော်တော်လေး သည်းခံပြီး မချစ်တဲ့လူ
ချစ်များချစ်ရင် ဟိုစကားပုံလို
အာခံတွင်းမှာ ငုံများထားမလားဘဲ"

"မင်းထင်လို့ပါ စစ်ရန်
ခု‌ဆို ပိုင့်အပြုအမူတွေ
အများကြီးပြောင်းလဲလာတယ်
ငါဘာလုပ်လုပ်ခံမယ့်ပုံစံတွေ‌
အဲ့ဒါ ပိုင့်ပံုစံမဟုတ်ဘူး
အဲ့လိုပုံစံကို ငါဖန်တီးတာတောင် ‌
ပိုင်ကအခွင့်ပေးခဲ့တာမဟုတ်ဘူး
ပြီးတော့ ပိုင်စိတ်လှုပ်ရှားတိုင်း
လုပ်နေကျအပြုအမူတွေရောပေါ့
ခုအဲ့လို‌ေတွမရှိတော့ဘူး
ပိုင်ငါ့အပေါ် စိတ်ပျက်တာလား
စိတ်ကုန်တာလား စိတ်မရှိတော့တာလား
ငါမသိဘူး
ငါသတိမရတဲ့အဲ့ဒီရက်စွဲတွေကို ငါသိချင်တယ်
ပိုင့်ဆီကနေဘာမှငါမသိရသလို
စစ်ရန် မင်းလည်း ငါ့ကိုမဖြေဘူးနော်"
ပြောရင်း မျက်ရည်ဝဲလာတဲ့
ကိုဇေ့က ခုလိုကျတော့လည်း အနိုင်ယူရတာကို
စိတ်ပင်ပန်းနေသလို‌ ကြည့်ရတာ
စိတ်မကောင်းဘူး

အချစ်လွန် သို့' အချစ်ကျွန် CompletedWhere stories live. Discover now