အချစ်လွန် သို့ အချစ်ကျွန် Final Room

684 19 4
                                    

အချစ်လွန် သို့ အချစ်ကျွန် (Extremely Love)

Final Room
***********

"မလုပ်ပါနဲ့ အဲ့လိုမလုပ်ပါနဲ့"

တဆတ်ဆတ်တုန်ရင်း
အဆက်မပြတ်ပြောနေတဲ့ စကားတွေနဲ့
မောင့်ကိုကြည့်ရတာ လောကကြီးနဲ့
အဆက်အသွယ်ပြတ်နေသလိုပါဘဲ

"ကိုဇေ ကိုဇေ..ဘာဖြစ်တာလဲ"
စစ်ရန်လက်ထဲမှာ နွမ်းကျသွားတဲ့
မောင် ဟာ စိုးရွံ့ခြင်းတွေ
နာကျင်ခြင်းတွေနဲ့ ဆိုတာ
စစ်ရန် ဘယ်သိနိုင်မလဲ

မောင့်ကို‌ပြေးပွေ့မိတယ်🩸
"မောင် ဘာမှ မဖြစ်ဘူးနော်
ကျနော်ရှိတယ်
ကျနော်ရှိတယ်လေ မောင်"

မောင့်ကို ရင်ခွင်ထဲမှာပွေ့ထားတဲ့အခါ
မောင်ဟာ ကလေးတစ်ယောက်လို
တွယ်ဖက်နေပြီး
ကြောက်လန့်နေရှာတယ်🍀

အဲ့လိုမလုပ်ပါနဲ့...

"မောင် သတိထားလေ"

စစ်ရန်ကတော့ ဘာဆိုဘာမှမသိသလို
လက်ရှိအနေအထားကိုကြည့်နေတုန်း

"မောင် ကျနော့်ကိုကြည့်
ကျနော့်ကိုကြည့်စမ်း
ဇေဝါမောင် ......#*#*
ကျနော့်မျက်နှာကိုကြည့်ဖို့ပြောနေတယ်လေ"

မောင် က မရဲတရဲမော့ကြည့်ရှာတယ်

"ကျနော် ခင်ဗျားကိုချစ်တယ် မောင်
ဒီရင်ခွင်မှာလုံခြုံရင်
ခင်ဗျားကို ကျနော့်အပိုင်လူအဖြစ်
တစ်သက်လုံးသိမ်းထားမှာ
မောင့်ဘေးမှာ တစ်သက်လုံး ကာကွယ်ပေးမှာ
ကျနော်ရှိနေတာကို မလုံခြုံဘူးလား
ခင်ဗျား ဘာကိုကြောက်နေတာလဲ မောင်
ဖြေစမ်း မောင်"

##မောင်က တင်းတင်းကြပ်ကြပ်ပြန်ပွေ့ပြီး
ဘာစကားမှ ပြန်မပြောရှာဘူး
ရင်ဘတ်ကိုစွတ်စိုတဲ့ အသိက
မောင့်မျက်ရည်တွေဆိုတာ သိရတော့
စိတ်မကောင်းဖြစ်ရတယ်
မောင့်ကို ဖွဖွလေးငုံ့နမ်းမိတော့##

"ကိုကောင်းလင်းပိုင် ...
ကိုဇေ ဘာဖြစ်တာလဲ"

"စစ်ရန် မင်းဆောက်ပါးစပ်ပိတ်ထား
ခဏနေမှ မင်းနဲ့ ငါ စာရင်းရှင်းမယ်

မောင့် ခဏလေးနော်🤎"

"စစ်ရန် မင်းကို ငါက
အသက်သခင်ကျေးဇူးရှင်ဆိုတဲ့
အသိနဲ့ မောင့်နဲ့သဘောတူခဲ့တာ
မင်း မောင့်ကို စော်ကားဖို့မဟုတ်ဘူးကွ
ခုလိုသိလိုက်ရတော့ ငါတကယ်ဝမ်းသာတယ်
မင်းကယ်တဲ့အသက် မင်းပြန်နှုတ်ယူနိုင်တာကို
ငါမေ့သွားတာကို အမှတ်ရစေလို့
မင်းသိထားဖို့က
မောင့်ပေါ်လွှမ်းမယ့် အရိပ်က
အဖြူဖြစ်စေ အမည်းဖြစ်စေ
ငါ ကောင်းလင်းပိုင်တစ်ယောက်တည်း
ဖြစ်နေရမယ် နားလည်ထား
မောင့်ကို မင်းလက်ထဲ မထည့်ပေးနိုင်တော့ဘူး
ဘာအကြောင်းနဲ့ဖြစ်ဖြစ်
ထပ်ပြောမယ်
ဘယ်လို အကြောင်းမျိုးနဲ့ဖြစ်ဖြစ်"

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : May 19, 2023 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

အချစ်လွန် သို့' အချစ်ကျွန် CompletedOù les histoires vivent. Découvrez maintenant