အနမ်းခံရတာကို အမေ့နားလဲ မတိုင်ရဲ။ ကျွန်တော် ကျောင်းနေရတာ မပျော်တော့ဘူး ထင်ကာ စိတ်ဆင်းရဲနေမှာလဲဆိုးတာကြောင့် ကိုယ့်ဘက်က ရှောင်ကာ တက်နိုင်သမျှ နေလိုက်ဖို့ပဲ စဉ်းစားမိသည်။

>>>>>>><<<<<<<

ခန့်စေ  အချိန်ပို တက်နေရတာ ၅ရက်ရှိနေပြီ။  မနက်လဲ စာ ၊ညနေလဲ စာ  ပျင်းဖို့ကောင်းလှ၏။ ၉တန်းက အသေးလေးကိုလဲ မတွေ့ရတာ အချိန်ပို စတဲ့နေ့ကတည်းကပဲ။ အချိန်ပို မတက်ချင်လို့ ပြဿနာရှာရင် ရသည်။ ဒါပေမယ့် ၈တန်းရောက်ပြီ ပညာရေးကိုထိခိုက်‌လို့တော့ မဖြစ်တာမို့ ဒီတစ်နှစ်တော့ အောင့်အီးနေရအုန်းမည်။  စိတ်ထဲ ဘာကို အလိုမကျလို့ မကျမှန်းမသိ။  ကိုယ် နမ်းလိုက်လို့ လက်သီးလေးနှစ်ဖက်ကို သတိအနေအထားလို ဘေးကပ်ကာ ခပ်တောင့်တောင့်ရပ်ပြီး တအီအီ ငိုနေခဲ့သော ကောင်လေးမျက်နှာကိုပဲ မြင်ချင်နေ၏။ ရင်ထဲမှာ ဘယ်လိုခံစားချက်တွေဖြစ်ပေါ်နေလဲ အဓိပ္ပါယ်မဖွင့်ဆိုတက်။
အနှီလူသားလေးကိုပဲ တောင်းတောင်းတတ မြင်ချင်နေတာမို့ မနက်ဖြန်ကျောင်းပိတ်ရက်မို့ အင်္ဂလိပ် အချိန်ပို ပျက်ပြီးကို နေတဲ့နေရာအထိ လိုက်တွေ့အုန်းမည်။  အချိန်ပို လစ်လို့ ရုံးခန်းရောက်လဲ ဂရုစိုက်မယ်ထင်လား။ Noပဲ ကြိုက်တဲ့အချိန်ခေါ် စာ ရရင် ပြီးတာပဲမလား။  ထို လူသားမျက်နှာလေးကို မြင်တွေ့ရဖို့ ဘာမှအောင့်အီးနေစရာမလိုဘူး။  အချိန်ပို ပျက်လို့ ရုံးခန်းခေါ်ရင် ဦးလေးကို လွှတ်လိုက်မယ် ဒါပဲ။

မင်းကို မြင်ချင်လို့ ဖြစ်ပေါ်လာတဲ့စိတ်ကို
ဖြေဖျောက်ဖို့  တစ်ခုပဲ
လိုအပ်တာ  ။
အဲ့တာ မင်းမျက်နှာလေးပဲ။

မင်းကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ကို
မင်းနဲ့ပဲဖြေဖျောက်မှာ။

>>>>>><<<<<<

"ဟေ့ကောင် ငစေ သတင်းကောင်းပြောစရာရှိတယ်"

ညနေ အချိန်ပို ပြီးလို့ ကျောင်းသားတိုင်းအတန်းထဲမှ ကိုယ်စီ အသီးသီး ထွက်သွားနေချိန် လွယ်အိတ်ထဲ စာအုပ်များအသည်းအသန်ထိုးထည့်ကာ
ပြောလာသော သန့်စင်ထွန်းကြောင့် ခန့်စေ  လွယ်အိတ်ကို စလွယ်သိုင်းကာ ပုဆိုးကိုပြင်ဝတ်ရင်း ပြော ဟူသော သဘောဖြင့် မေးဆက်ပြလိုက်သည်။

ချစ်ချင်လို့ ချစ်တာ ( Complete)Kde žijí příběhy. Začni objevovat