အပိုင်းငါး

Start from the beginning
                                    

*မသွားဘူး.!*

*ဘာလို့လဲ နေမကောင်းလို့လား ဟင်..*

*မဟုတ်ဘူး.!*

*ဒါဆိုဘာဖြစ်လို့လဲ ကိုကို့ကိုပြောလေ..*

ဂျောင်ဂုမေးသမျှကိုဘောက်ဆက်ဆက်ပြန်ဖြေနေတဲ့ဂျီမင်က တခုခုလိုအလိုမကျဟန်ဖြင့် နှုတ်ခမ်းဖူးဖူးလေးကိုဆူထော်ရင်း လက်နှစ်ဖက်ကိုပိုက်ကာ ကောက်ချိတ်နေတော့သည်။ဂျောင်ဂုလည်းစားလက်စကိုအမြန်ဖြတ်လိုက်ပြီး လက်ကောက်ဝတ်က နာရီကိုငုံ့ကြည့်လိုက်တော့ ကိုးနာရီ ထိုးတော့မှာမို့ အိမ်ထဲကအမြန်ပြေးထွက်ရသည်။ဒီနေ့က ဝန်ကြီးအိမ်မှာတွေ့ဆုံပွဲရှိတာကြောင့် နောက်မကျစေရန် အလျင်မြန်ထွက်လာပေမယ့် သူ့ကိုစူးစ်ုက်ကြည့်နေတဲ့ ကလေးငယ်ကတော့ ဘာစကားမှမပြောဘဲ ရပ်မြဲတိုင်းရပ်နေသည်။

နေမကောင်းလို့များလားဆိုပြီးနဖူးပြင်လေးကိုစမ်းကြည့်တော့လည်းပုံမှန်အတိုင်းပါဘဲ ။ဘာတွေအလိုမကျဖြစ်နေတာပါလိမ့်။ ချော့မြူပြီး ကလေးငယ်စိတ်တိုင်းကျမေးမြန်းဖို့အချိန်မရှိတာကြောင့် ကလေးငယ်ရဲ့ ပိတုန်းရောင်ဆံနွယ်တွေကိုတချက်ဆွဲဖွလိုက်ပြီး ပါးဖောင်းဖောင်းလေးကိုဆွဲကာ လေသံအေးအေးဖြင့်ဆိုလိုက်သည်

*ဒီနေ့ ကိုကို အပြင်သွားစရာရှိတယ်။အရေးကြီးတဲ့ကိစ္စမို့ နောက်ကျလို့မဖြစ်ဘူးလေ။ကလေးငယ် ကိုပြန်လာမှ ချော့တော့မယ် နော်...*

*ကလေးငယ်စိတ်မကြည်ဘူးဆိုလဲ ဒီနေ့ပန်းချီသင်တန်းမသွားနဲ့တော့လေ..နော်..*

*ကိုကို သွားပြီ..*

တယောက်ထဲမနားတမ်းစကားတွေပြောပြီးကိုကိုက ဂျစ်ကားစိမ်းလေးပေါ်တက်သွားတော့တယ်။သူ့ကိုလက်လှမ်းပြကာ ပြုံးပြသွားပေမယ့် အရင်လိုနီးနီးကပ်ကပ်မနေရတော့ ဂျီမင် ရင်ထဲတမျိုးခံစားလာရတယ်။ပုံမှန်ဆို ကိုကို အလုပ်ရှုပ်နေတာကို သူနားလည်ပေးပါတယ်။မြို့တော်ဝန်အလုပ်ကဘယ်လောက်ထိစိတ်ပင်ပန်းရသလဲဆိုတာ သူကိုယ်ချင်းစာပါတယ်။ဒါကြောင့်လည်း ကိုကို့ကို မနှောင့်ယှက်ဘဲ တယောက်ထဲပန်းချီဆွဲရင်းအချိန်ကုန်စေခဲ့တယ်။ဒါပေမယ့် ဒိီနေ့က သူ့ဘဝရဲ့အရေးကြီးတဲ့နေ့လေ။သူ့ကိုလူ့လောကကြီးထဲ တ‌ယောက်ထဲထားခဲ့ပြီးအေးချမ်းရာအရပ်မှာ သွားနေကြတဲ့ မိဘနှစ်ပါးစလုံးရဲ့ နှစ်ပတ်လည်နေ့မို့ ဘေးနားမှာ ကိုကို့ကိုရှိစေချင်ရုံပါ။

ကတိ(Completed)Where stories live. Discover now