စိုင်းဟန်လျှမ်း မုန့်ဈေးတန်းမှ အိုက်လမင်းသာနဲ့ ပြန်လာကာ အပေါ်ထပ်အတက် လှေကားမှာ ပိတ်ရပ်နေတဲ့သူကြောင့် မော့ကြည့်ရာ ခန့်စေထွဋ်နောင် ဖြစ်နေတာမို့ ဘေးက သူငယ်ချင်းကို ကြည့်လိုက်တော့ ရှုံ့မဲ့နေပါပြီ။ ဒီတစ်ခါတော့ ကိုယ့်သူငယ်ချင်းလေးကို အနမ်းမခံနိုင်ပါ။ ဒင်းကို မြင်ရင် လက်ဆွဲပြေးဖို့ပြောထားပြီးသား ။ မုန့်ထုတ်ကိုသေချာကိုင်ကာ အိုက်လမင်းသာ လက်ကိုကိုင်ကာ လှေကားတလျှောက် မြန်နိုင်သမျှ မြန်သော အလျင် ဖြင့် ပြေးဆင်းခဲ့ပါသော်လည်း။ လှေကားပေါ်က တဒုန်းဒုန်းပြေးဆင်းတဲ့ အသံထက် ၈တန်းကောင်ရဲ့ အသံကြီးက လွှမ်းမိုးသွား၏။

''ဟိုကောင် ဂျပု !!  အခုချက်ချင်းရပ် !မင်းသေချင်တာလား ဟမ်!!"

ကျွန်တော်တို့နှစ်ယောက်အား အော်ကာ သူပါပြေးဆင်းလာပုံရသည်။ ပထမလှေကားကွေ့နားတွင် ခါးထောက်ကာ ရပ်စောင့်နေ၏။ မတက်နိုင်ဘူး မုန့်စားချင်လို့ဆိုလဲ ကျွေးလိုက်ရုံပေါ့ ။

" အဟဲ သေးပေါက်ဖို့ ဟုတ်တယ်  သေးပေါက်ဖို့ အဲ့တာမုန့်ဝယ်ရင်း
မေ့ကျန်ခဲ့လို့ အဲ့တာ အတန်းမတက်ခင် သွားပေါက်မလို့ နော်"

"ပေါက်ချင်သပဆိုလဲ သွားပေါက် ဟိုတစ်ယောက် ကျန်ခဲ့"

"ဟင့်အင်း ကျွန်တော်လဲ ပေါက်မှာ"

"ဟ !ကျောင်းသားသစ်ထင်တယ်  ဟေ့ကောင် ငစေ မင်းရဲ့ အသေးလေးဆိုတာ ဒါလား"

အပေါ်လှေကားလက်ရမ်းမှ ငုံ့ကာ ပြောနေသော တစ်ယောက်ကြောင့် နှစ်ယောက်သားပြိုင်တူမော့ကြည့်မိ၏။ ထိုသူ တစ်ယောက်တည်းမဟုတ် နောက်ထပ်နှစ်ယောက်ပါ ရှိနေ၏။ ဟင်
ကိုရီးယားကားထဲကလို ဝိုင်းအနိုင်ကျင့်တော့မှာလား။ လူကောင်ကြီးတွေက ၈တန်းနဲ့တောင် မလိုက်ဘူး။ အခုမှ ကျောင်းစပြောင်းလာတာပါ ။ ဘာအငြိုးမှလဲမရှိပဲနဲ့ ဘာလို့ မျက်စိရှေ့ပဲပေါ်လာနေရတာလဲ ဒီကျောင်းလူမိုက်အုပ်စုက လဲ။ ကြောက်ပါတယ်ဆိုမှပဲ။

" အေးးး သန့်ကြီး မင်း ဟိုဂျပုကို တာဝန်ယူစမ်း   
ကန့်လန့်ကန့်လန့်နဲ့"

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now