''မင်း ပုဆိုး မဝတ်တတ်ဘူးလား အိုက်လျှမ်း"

"ဝတ်တတ်ပါတယ်ကွ စမက်ကျ မကျ ပြန် လုပ်နေတာ"

"ဪ"

"မြန်မြန်လာ အရင်နှစ်တုန်းက ကိုကြီး လိုက်ပို့နေကြကွ
မင်းရှိလို့ ငါလဲ လမ်းလျှောက်ချင်တာနဲ့  နည်းနည်းဝေးတယ်နော်
အိုက်သာ မိနစ်၂၀တော့ လျှောက်ရမယ်။"

"အေးပါကွာ ငါလျှောက်နိုင်ပါတယ်"

ကျောင်းအပ်သည့်နေ့က လိုက်မသွားဖြစ်တာမို့ ကျောင်းသွားသည့် လမ်းတလျှောက် အထူးအဆန်းလိုက်ကြည့်မိသည်။ ရွာအထွက်နားတွင် ရွာဦးဘုန်းကြီးကျောင်းရှိ၏။ ရွာ၏ အနေအထားသည် တစ်ခြားရွာတွေနှင့်မတူ ကားလမ်းပေါ်မှ အထဲကိုတော်တော်ဝင်ရသေးသည်။ ဘုန်းကြီးကျောင်းကတော့ ကားလမ်းဘေးတင်။ ကုန်းကြီးတစ်ကုန်းရှိနေပြီး ထိုကုန်းကြီးပေါ်တွင်လဲ စေတီတည်ထားပါသေးသည်။ကျောင်းမရောက်ခင် နေရာတစ်ခုတွင် တစ်မြို့လုံး၏ အသက်သွေးကြောဟု ဆိုကြသော ရေထွက်ချောင်း
တစ်ချောင်းက ကြည်လင်စွာ စီးဆင်းလျက်ရှိ၏။ယောကျာ်းလေးခြေလှမ်းမို့ထင်ထားတာထပ်
ပိုစော၍ရောက်၏။

'အခြေခံပညာ အထက်တန်းကျောင်း

       အ.ထ.က (မိုင်းနောင်) ဟူသော ကျောင်းမုဏ်ဦးနားရောက်မှ

အိုက်လျှမ်းက

"ဒါ မင်းနဲ့ငါ တက်ရမယ့် ကျောင်းကွ"ဟုဆိုကာ ကျွန်တော့် ပုခုံးအားဖက်၍ ကျောင်းဝင်အပေါက်မှ ကျောင်းအဆောင်ဆီသို့ ။

ကျောင်းကြီးထဲဝင်ဝင်ချင်း စိတ်အစဉ်ဟာ ကြောက်ရွံနေတာမျိုး မရှိပါပဲ ကုက္ကိုပင်အို အကြီးကြီးများဟာ ‌အဝင်လျှောက်လမ်းတလျှောက် စိမ်းစိမ်းစိုစိုဖြင့် ကြိုဆိုနေပြီး မူလတန်းများ၏ အဆောင်ငယ် ၃ဆောင်ကို အရင်ဖြတ်ရပြီး တန်းစီကွင်း ခပ်ကျယ်ကျယ်နောက်တွင် နှစ်ဆောင်ပြိုင်ဆောက်ထားသော  နှစ်ထပ်ကျောင်းဆောင်ကြီးရှိ၏။

အိုက်လျှမ်းက တန်းစီကွင်း၏အနောက် ကပ်ရပ်တွင် ရှိနေသော နှစ်ထပ်ဆောင်ပေါ်သို့ ဒါ ငါတို့ အထက်တန်းဆောင် ဟု ပြောကာ လက်ဆွဲ ခေါ်သွား၏။ အပေါ်ထပ်သို့ မော့ကြည့်လိုက်ရာ ကျောင်းသို့ အရင်ရောက်နေသော ကျောင်းသားများက အောက်မှ တက်လာသူမှန်သမျှကို ငုံ့ကြည့်နေ၏။ တချို့ကလဲ  သူငယ်ချင်းတွေမို့ လှမ်းနှုတ်ဆက်ကာ ခေါ်နေကြ၏။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now