RVTIACF Chapter-(57)

Start from the beginning
                                    

ချမ်းသာတဲ့မိသားစုမှာ ပျိုးထောင်ခံခဲ့ရတာကြောင့် သူမစိတ်ထဲမှာတော့ သာမန်ကျောင်းသားတွေကို အမြဲအထင်သေးလေ့ရှိသည်။ သူမဆီမှာ ဘာမှမကျန်တော့ရင်တောင် လူတိုင်းထက်သာနေတုန်းပဲလို့ ယုံကြည်နေဆဲပင်။ ဒါကြောင့်မို့ တခြားကျောင်းသားတွေရဲ့ မာနထောင်လွှားပြီးအထင်သေးတဲ့ အဆက်မပြတ်အကြည့်တွေကို ခံယူနိုင်စွမ်းမရှိပါချေ။

ဒုက္ခပင်လယ်ဝေနေသလို ဟန်ဆောင်နေဆဲဖြစ်တဲ့ ပိုင်ရွယ်ဝေ့ဟာ သူမကိုသူမယိချန်ဖြတ်လာမယ့်နေရာမှာ ရည်ရွယ်ချက်ရှိရှိနေကာယူပြီး သူ့အာရုံကိုဖမ်းစားဖို့ တအီအီမြည်ကြွေးနေလေသည်။ ယိချန်မှာ သူမဆီကနေအဝေးကိုလျောက်ပြီး လျစ်လျူရူပစ်လိုက်ချင်ပေမယ့် မနေနိုင်ဘဲသူမဆီလျောက်လာကာ မေးလိုက်သည်။

"ဘာဖြစ်နေတာလဲ?"

သူ့အကြည့်တွေကနေ အဝေးကိုလွှဲရင်း သူမမျက်ရည်စတွေကို အမြန်သုတ်လိုက်သည်။

"ဘာမှမဟုတ်ပါဘူး။ ကျွန်မ အဆင်ပြေပါတယ်...."

အဲ့နောက် ယိချန်စိတ်မရှည်စွာ မေးလာသည်။

"မင်း မျက်လုံးကျွတ်မတတ် အော်ငိုနေတာကို ဘာမှမဖြစ်ဘူးပြောနေသေးတယ်လား? ဘာဖြစ်တာလဲသာ ပြောစမ်းပါ။"

"ကျွန်— ကျွန်မ...စာမေးပွဲမှာ မဖြေနိုင်ခဲ့ဘူး.....အခုတော့....လူတိုင်းက လှောင်နေကြပြီ။"

"ဒါလေးကြောင့်နဲ့ ငိုနေတာပေါ့လေ။"

ယိချန်တစ်ချိန်က ပိုင်ရွယ်ဝေ့အဆင့်တွေနဲ့ ချူရှောင်းကိုတိုက်ခိုက်ခဲ့တာကိုမေ့ပြီး နှာမှုတ်တော့သည်။ သူ့နှလုံးသားအနက်ပိုင်းမှာတော့ တက္ကသိုလ်ဆိုတာစာကြိုးစားပြီး အဆငိ့ကောင်းတွေရဖို့နေရာမဟုတ်ဘဲ အပန်းဖြေချိန်အတွက် နေရာတစ်နေရာဟုသာ ယုံကြည်ထားလေသည်။

ပိုင်ရွယ်ဝေ့အပြုံးတစ်ခု ဖြစ်ညှစ်ပြုံးကာ

"ကျွန်မ အဆင်ပြေပါတယ်။ အဲ့တာ....ကျွန်မအဆင်မပြေဖြစ်အောင် လှောင်ပြောင်ရယ်မောနေတဲ့ သူတွေရှိနေရုံပါ။ ကျွန်မဘဝမှာ ဘယ်လောက်တောင်ဦးဆောင်လိုစိတ် ပြင်းပြလဲ ရှင်သိပါတယ်။ နွေရာသီအပန်းဖြေကာလက အလုပ်သင်ကာလနီးလာရင်....ကျွန်မနောက်ကွယ်မှာ အတင်းပြောပြီး ကုမ္ပဏီကောင်းကောင်းမှာ အလုပ်ဝင်ဖို့အခွင့်အရေးတွေ နည်းသွားမှာစိုးမိတယ်။"

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now