CHAPTER-(30)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်ချုရှောင်းစုထားတဲ့ စာရွက်စာတမ်းတွေကို ဖန်ချင်း မြန်မြန်ဆန်ဆန်ဖတ်ကြည့်ပြီး ကျေနပ်မှုဖြင့် ခေါင်းငြိမ့်သည်။
"သမီးတော်တယ်။ ပြသနာကြီးကြီးမားမား မရှိဘူး။ ဒါမဲ့ဒီအပိုင်းမှာ တခြားဒေသခရီးတွေအတွက် ခရီးအသုံးစရိတ်တွေကို မျှော်လင့်မထားတဲ့ တခြားခရီးကုန်ကျငွေနဲ့ နည်းနည်းညှိဖို့လိုတယ်။ အကုန်အဆင်ပြေတယ်။"
ဖန်ချင်းကချူရှောင်းက လာဖို့ခေါ်လိုက်သည်။ ထိုမှသာ သူမရဲ့ဗဟုသုတအချို့ မျှဝေလို့ရပေမည်။ အဲ့နောက်မှာတော့ ချူရှောင်းရဲ့ကတ်သီးကတ်သတ်မှတ်စုထဲက မေးခွန်းတွေတစ်ခုပြီးတစ်ခု ရှင်း၏။
ချူရှောင်းက သင်လွယ်တတ်လွယ်မို့ ဖန်ချင်းသူ့သမီးကို သင်ပြခွင့်ရတာ အပျော်ကြီးပျော်နေကာ တစ်ချိန်တည်းမှာပဲ သူမသမီးအတွက် ဂုဏ်ယူမိတော့သည်။
သူမသမီးက သူမနဲ့တူတူအလုပ်စလုပ်ကတည်းက ကျေပ်ပီတီဖြာနေမိသည်။ ရုတ်တရက်သူမသမီး စောစောကပြောဖို့ကြိုးစားနေတာကို နားလည်သွားတော့သည်။ လူတစ်ယောက်ကို ပျော်ရွှင်စေတဲ့အရာတွေက
ယောက်ျားနဲ့မိန်းမကြားက မေတ္တာတရားဆိုတာ ပျော်ရွှင်မှုရဲ့စိတ်ချထားလို့မရတဲ့ ပုံစံပဲ။ ဒါကြောင့် သူမသမီး ဖြစ်စေချင်တဲ့အတိုင်း လွှတ်ထားပေးလိုက်ပါမယ်လေ။
အလုပ်စောစောပြီးသွားပြီး ချူရှောင်းနဲ့ဖန်ချင်းတို့ ညစာတူတူစားကြသည်။ သူမအိမ်ပြန်ရောက်တော့ အိပ်ရာမဝင်ခင် မရေတွက်နိုင်လောက်တဲ့ စကားလုံးတွေကို လေ့လာရင်းမှတ်ရင် အင်္ဂလိပ်အဘိဓာန်ကို တစ်နာရီကြာလေ့လာခဲ့သည်။
နောက်နေ့ချူရှောင်း ကျောင်းသွားတော့ သူ့အတန်းဖော်အများစုက သူမကိုစိတ်ကူးယဥ်မှုတွေနဲ့ ကြည့်နေကြပြီး တစ်ချို့အတန်းဖော်တွေက သူမကိုကြောက်နေပုံပေါ်သည်။ သူမဝင်ရောက်လာတာကိုမြင်တော့ ကျောင်းသားတွေက အဝေးကိုရှဲသွားကြသည်။
သူအတန်းထဲဝင်လာပြီး ခါတိုင်းလိုရှေ့ဆုံးတန်းမှာ ထိုင်လိုက်သည်။ သူမဖတ်စာအုပ်ကိုဖွင့်ပြီး အတန်းအတွက်ပြင်ဆင်ဖို့ စဖတ်လိုက်သည်။ သူမနဲ့နှစ်ခုံအကျော်လောက်မှာ ထိုင်နေတဲ့ကျောင်းသူက ရုတ်တရက်သူမဆီ အပြေးလေးလာပြီး တိုးတိုးလေးပြောလာသည်။
YOU ARE READING
အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့
Adventureအမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေအကုန်လုံးကို ပျော်ပျော်ကြီး ပြန်ဆပ်မည်။ သူမဘဝရဲ့ဒုတိယအခွင့်အရေးဖြစ်နေမှတော့ အနာဂတ်ကိုစိတ်ပူမှာထက်ပစ္စုပ္ပန်မှာပဲပျော်ပျော်ရွှင်ရွှင်နေမည်။ ...