RVTIACF Chapter-34

2.6K 360 6
                                    

CHAPTER-(34)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

သူ့သားကုမ္ပဏီမှာ အလုပ်စဝင်တော့မယ်ဆိုတာ ယိချန်အမေဆန်ချီကြားတော့ အမျိူးသမီးတို့သိစိတ်အရ သူမသားတော်မောင် ချူရှောင်းကိုအပြီး လက်မလွှတ်နိုင်သေးဟူ၍။

သတင်းအပိုင်းအစတွေ ခွဲဖြာကြည့်တဲ့အခါမှာ ဒါကသေချာပေါက် ကောင်းမွန်တဲ့အရာလို့ သူမယုံကြည်သည်။ ယိမိသားစုနဲ့ ချူမိသားစု လက်ထပ်ပွဲကြောင့် ပူးပေါင်းဖို့ဖြစ်နိုင်ချေရှိသေးရင်.....သူတို့ကတော့ သေချာပေါက် ပျော်မှာပင်။

ယိချန်အပေါ် ချူရှောင်းရဲ့ သတိပေးခြိမ်းခြောက်မှူတွေကိုတော့ ကလေးတွေစိတ်အလိုမကျ ဖြစ်တာလို့ပဲ ဘေးချိတ်ထားလိုက်၏။

အကြိမ်ရေအနည်းငယ်လောက် ဖုန်းခေါ်ပြီးသွားချိန်မှာတော့ ဆန်ချီတစ်ယောက် တက္ကသိုလ်ကနေ ချူရှောင်းဖုန်းအသစ်ကို တောင်းဖို့အကြောင်းပြချက် ရသွားပြီး စိတ်ကြိုက်ပြောဖို့ ကိုယ်တိုင်ဖုန်းခေါ်လိုက်သည်။

ရေချိုးခန်းထဲက ထွက်လာခါစ ချူရှောင်းမှာ ဖုန်းဖြေရင်း ဆံပင်တွေကို အခြောက်ခံနေသည်။

"ဟယ်လို?"

ဆန်ချီ ရယ်သွမ်းသွေးရင်း ပြောလာသည်။

"ရှောင်းရှောင်း; သမီး အန်တီ 'ယိ' ပါ။ သမီးဖုန်းနံပါတ်ပြောင်းတာ အန်တီယိကို ဘာလို့မပြောတာလဲ? အန်တီက သမီးကို ရေပူစမ်းသွားဖို့ကို ဖိတ်မလို့စီစဥ်နေတာ။"

ချူရှောင်း မျက်ခုံးပင့်ကာ သူမဘာမှမပြောခင် တစ်စိမ့်စိမ့်တွေးကြည့်လိုက်သည်။

" အန်တီယိ ကျွန်မအခုတစ်လော အရမ်းအလုပ်များနေတာ။ အဲ့လိုအပန်းဖြေစရာတွေအတွက် အချိန် မရဘူးရှင့်။ ပိုင်ရွယ်ဝေ့ကို အဖော်ပြုပေးဖို့ ဘာလို့မမေးကြည့်တာလဲ?"

ဆန်ချီ ချက်ချင်း အဆိုပြုလာသည်။

"ပိုင်ရွယ်ဝေ့....ဟွမ်ရွယ်ဝေ့...အန်တီ ဘယ်သူနဲ့မှ မသိဘူး။ အန်တီက အန်တီရဲ့ရှောင်းရှောင်းလေးကိုပဲ သဘောကျတာ။ ဆိုတော့....ဒီတစ်လော ဘယ်လိုနေလဲ ရှောင်းရှောင်း? သမီးနောက်ဆုံးတစ်ခါ ဆေးရုံတတ်ရတုန်းကလေ အန်တီက နိုင်ငံခြားကို ခရီးထွက်နေတာနဲ့ လာမလည်နိုင်တာ။ သမီးနဲ့ ရှောင်းချန်(ယိချန်)ကြားက မသာယာတဲ့ရန်ပွဲတွေလည်း ကြားပြီး သမီးနဲ့လူကိုယ်တိုင်တွေ့စရာ မျက်နှာတောင် မရှိတော့ဘူး။"

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now