CHAPTER-(48) ☕︎
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်တကယ်တော့ သူမရဲ့အေးဆေးတဲ့အမူအရာအောက်မှာ ပိုင်ရွယ်ဝေ့တစ်ယောက် အံတင်းတင်းကြိတ်ထားလေသည်။ သူမတက်စီတစ်စီးကို ငှားလိုက်ကာ အထဲကိုဝင်ထိုင်ပြီးကာမှ ယိချန်ကိုကြည့်ဖို့လှည့်လာသည်။ သေချာပေါက် လုံလောက်ပါသည်၊ သူကတစ်နေရာတည်းမှာ ရပ်နေဆဲပင်။ သူက ဗလာသက်သက်စိုက်ကြည့်နေပုံရပေမယ့် ခုထိသူမကို လှည့်ကြည့်နေဆဲ ဖြစ်သည်။
ပိုင်ရွယ်ဝေ့ ယိချန်ကိုကောင်းကောင်း သိတာပေါ့။ ချူရှောင်းက လတ်တစ်လောမှာ ပုစ္ဆာတစ်ပုဒ်လိုဆိုပေမယ့် အနည်းဆုံးတော့သူ့ကိုနားလည်တယ်လို့ ယုံကြည်ချက်ရှိသည်။ လူတွေအရာဝတ္ထုတွေကို တန်ဖိုးထားရကောင်းမှန်းမသိတဲ့သူက ရှေ့တည့်တည့်မှာရှိနေတဲ့အလှတရားကို အသိအမှတ်မပြုနိုင်ပေ။ ဆုံးရှုံးပြီးမှသာ တန်ဖိုးကိုသိကြ၏။
သူ့မိဘတွေရဲ့အပြုအမှုကို ယိချန်မကြိုက်ဘူးလို့ပြောပေမယ့် တကယ်တမ်းကျ သူတို့ရဲ့စကားတွေ၊ဥပမာတွေကနေ သူတို့ရဲ့လုပ်ဆောင်ချက်တွေကနေ သူ့ကို မသိမသာလွှမ်းမိုးနေတာ ဖြစ်သည်။ ဒါပေမယ့်လည်း သူဖောက်ပြန်ရင်တောင် ပြီးပြည့်စုံတဲ့အကြောင်းပြချက်ဖြစ်တဲ့ သူကိုယ်တိုင်ကတကယ်ကြိုက်တဲ့သူကို ရှာနေတာပါဆိုပြီး အခိုင်အမာပြောပြန်သည်။ ဒီလိုတွေးခေါ်ပုံမျိုးက သူ့ကိုတာဝန်ယူမှုတွေ ပျောက်ဆုံးစေပြီး ရလဒ်ကတော့ သူဘာကိုလိုချင်မှန်း မသိတော့ပေ။ "မြက်ပင်ရဲ့တခြားတစ်ဖက်မှာ ပိုစိမ်းတယ်" ဆိုတဲ့ အဓိပ္ပာယ်ကို ဒါကအပြည့်စုံဆုံး ဖော်ပြနေလေရဲ့။
(Note: ဒါက သူမှာရှိတဲ့အရာကို မရောင့်ရဲနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ပါနော်။)
ဒါကနည်းဗျူဟာမြောက် ဆုတ်ခွာနည်းပင်။ အခုယိချန်က သူမကိုစိတ်ကုန်သွားတော့ သူမကသူ့ကို ကျက်သရေရှိရှိ လှလှပပလေးထားခဲ့တာပေါ့။ ချူရှောင်းနဲ့သူမကြားက ကွာခြားချက်ကဘာလဲ? ယိချန်သာချူရှောင်းရဲ့ အားနည်းချက်တွေကိုမေ့ပြီး သူမကိုထပ်ချစ်နိုင်သေးရင် သူမအပေါ်သူ့ရဲ့မသင်္ကါမှုတွေကလည်း ပျောက်ကွယ်သွားမှာပဲ။
YOU ARE READING
အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့
Adventureအမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေအကုန်လုံးကို ပျော်ပျော်ကြီး ပြန်ဆပ်မည်။ သူမဘဝရဲ့ဒုတိယအခွင့်အရေးဖြစ်နေမှတော့ အနာဂတ်ကိုစိတ်ပူမှာထက်ပစ္စုပ္ပန်မှာပဲပျော်ပျော်ရွှင်ရွှင်နေမည်။ ...