RVTIACF Chapter-(56)

Start from the beginning
                                    

ချူရှောင်းယိချန်အစီအစဥ်ကို နားလည်မှတော့ ကားဆီကနေအေးစက်စက် ခြိမ်းခြောက်တဲ့အကြည့်တစ်ချက်ပစ်ကာ တုံ့ဆိုင်းမှူမရှိလီဗာကိုဆောင့်နင်းပြီး ယိချန်ကားဆီတိုးတော့သည်။

သူ့အကြံကို ကြောက်တာကြောင့် အရှိန်လျော့မယ့်ပုံမပြတဲ့ ချူရှောင်းအလျင်က သူ့ဆီဖြတ်လာမှ ဆံချည်တစ်မျှင်စာမျှအကွာမှ ယိချန်သူမကားကို ရှောင်လိုက်၏။ တစ်လမ်းလုံးပြန့်ကျဲနေတဲ့ နှင်းဆီပွင့်ဖတ်တွေကို ငုံ့ကြည့်ရင်း သူ့ကားတာရာကို ဒေါသတကြီးကန်ကာ တုံ့ဖန်အုပ်စုဆီနောက်ထပ် နှင်းဆီပန်းစီးမှာလိုက်ပြန်သည်။

* * * *

ယိချန် ချူရှောင်းကိုလိုက်တဲ့ မဆုတ်မနစ်ဇွဲကို ထိန်းထား၏။ နေ့တိုင်း ကျောင်းမှာသူမကို ပန့်ပို့ဖို့ မပျက်ကွက်တဲ့အပြင် သူမရုံးခန်းကိုလည်း နောက်ပန်းစည်းပို့ဦးမည်သာ။ ဒါပြင့် နေ့လည်ခင်း လက်ဖက်ရည်အစုံလိုက်ကောပင်။ ဒီလိုတွေကြောင့် ချူမိသားစုသမီးကညာကို ယိချန်လိုက်နေတဲ့သတင်းက တောမီးအလားပြန့်ပြန်တော့သည်။ သူ့ရဲ့ဆက်တိုက်လက်ဆောင်တွေ ဘာတစ်ခုကိုမှလက်မခံချင်တာကြောင့် အကုန်လုံးကို အတန်းဖော်တွေနဲ့လုပ်ဖောက်ကိုင်ဖက်တွေကိုသာ ပေးပစ်တော့သည်။

နောက်ဆုံးစာမေးပွဲကြီးရဲ့ ရက်သတ္တတစ်ပတ်အတွင်း ချူရှောင်းကိုလိုက်ဖို့ ယိချန်ဘယ်လောက်တောင် ဆုံးဖြတ်ချက်ချပြီး စိတ်အားထက်သန်နေလဲဆိုတာ ပိုင်ရွယ်ဝေ့ တွေ့လိုက်ရသည်။ မနာလိုစိတ်တွေ အလွန်ကြီးမားလာသည်ကြောင့် စာမေးပွဲကိုအာရုံမစိုက်နိုင်ဘဲ ဒီအရင်ရက်တွေက လုံးလရှိရှိမကြိုးစားထားတာကြောင့် သူမစာမေးပွဲကိုသဘာဝကျစွာ မအောင်ခဲ့ချေ။

စာသင်ခန်းရဲ့တစ်ခြားတစ်ဖက်ကို ကြည့်မိတော့ မေးခွန်းတွေကိုကြောက်လန့်ခြင်းမရှိ တည်တည်ငြိမ်ငြိမ်ဖြေနေတဲ့ ချူရှောင်းကိုကြည့်ပြီး သူမကိုယ်တိုင်ကတော့ အခက်တွေ့နေရသည်။ ဘာလို့များ သူတို့နေရာတွေလဲသွားသလို ထင်နေရတာလဲ? ဒီအချိန်မှာတော့ ပိုင်ရွယ်ဝေ့ခမျာ့ ခြိမ်းခြောက်ကြည့်တွေသာ ကြည့်နိုင်ကာ ပုစ္ဆာပေါ်မှာသုန်မှုန်နေတော့သည်။ သို့သော် ချူရှောင်းကိုတော့ ရန်သွားမစရဲပါချေ။ သူမကြိုးစားရင်တောင် ချူရှောင်းသူမကိုလျစ်လျူရှုပြီး အစီအစဥ်ကတော့ ဆန့်ကျင့်ဖက်တစ်လွဲတွေ ဖြစ်လာမည်သာ။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now