လန်ဟွား​စိတ်တိုကာပြောလိုက်သည်။
ရှောင်လေးဆိုသူက သူလက်ကိုရိုက်ချသွားတာ
နာလိုက်တာ

"  ဝမ်ရိရှင်း "

    အသားဖြူဖြူ မျက်ခုံးထင်ထင်းနဲ့ကောင်လေးက
ဝိုင်းစက်နေတော့မျက်လုံးဖြင့် သူကိုကြည့်သွားတာပဲ
မျက်တောင်မွှေးရှည်လို့လားမသိဘူး သူ့အကြည့်က
တောက်ပသည်။

"  တင်းနီ ဘာပြောလိုက်တာလဲ "

" ရှုတင်စတော့မယ် ဒီလက်ဆောင်ပုံးလေးကိုင်ထားပေး "

  ရှောင်တင်းနီက လန်ဟွားဆီလက်ဆောင်အပ်ပြီး
ရိုက်ကွင်းပြန်စသည်။

🚘
    ရှောင်ကျန့် သခင်လေးကို ရှာမတွေ့တဲ့အဆုံး ကားပေါ်တက်ထိုင်မှ သခင်လေးကို နောက်ခန်းမှာတွေ့သည်။

" သခင်လေး ဘာလို့ပြေးထွက်သွားတာလဲ
သခင်လေး idolနဲ့ဆုံဖို့ ကျွန်တော်
ဘယ်လောက်တောင်ကြိုးစားထားရလဲ "

" ကျွန်တော်လည်းမသိဘူး ဒီအတိုင်း
ဒီထဲကခုန်လာလို့ "

       သခင်လေးက သူရင်ဘက်ကိုဖိကာဆိုသည်။
ရိရှင်းလေး ရှောင်တင်းနီကို တော်တော်သဘောကျနေတာပဲ

" ကျွန်တော်သခင်လေးအတွက်
လက်ဆောင်ပါလာတယ် "

       ရှောင်ကျန့် ရှောင်တင်းနီကိုယ်တိုင်
လက်မှတ်ထိုးထားသောပုံကို ရိရှင်းဆီပေးလိုက်သည်။

" ခင်ဗျားကတော်လိုက်တာ "

" ကျွန်တော်တော်တယ်ဆိုလည်း ကျွန်တော်ကို
အစ်ကိုလို့ပြောင်းခေါ်ပေးပါ့လား "

" မခေါ်ချင်ပါဘူး "

" အဲ့လို့တော့မတရားမလုပ်နဲ့လေ ဒီနေ့သခင်လေး
ကျွန်တော်အတွက် တစ်ခုခုတော့ပြန်ပေးသင့်တယ် "

" တခြားဟာပြော "

" ဒီနေ့တနေ့တော့ ကျွန်တော်စကားနားထောင်ပေး "

" အင်း "

ရှောင်ကျန့်ပြုံးပြီး ကားမောင်းထွက်လာလိုက်သည်။

       အိမ်တော်ထိန်းက ဝမ်ဆီကအိတ်ယူကာဆိုသည်။

" ကြိုဆိုပါတယ် သခင်လေး "

" ရှင်းလေး ထမင်းစားနေပြီလား "

အမြတ်နိုးဆုံးဝမ်Dove le storie prendono vita. Scoprilo ora