အခန်း (၂၂)

2.5K 186 30
                                    

"မောင်တို့ရဲ့ အကြံအစည်အတိုင်း ဖြစ်လာတဲ့အတွက် မောင် စိတ်အေး သွားရပြီ ဝင့်"

"တစ်ချက် ခုတ်၊ နှစ်ချက် ပြတ်ပေါ့ မောင်၊ သတ္တိနဲ့ ဟိုအကောင့်ရဲ့ ဇာတ်လမ်းကိုလည်း သိမ်းပေးပြီးသားဖြစ်သလို၊ အရင်က အတိတ်ကို လှန်ပြီး အကြပ်ကိုင်ချင်နေတဲ့ မိန်းမကိုလည်း ဦးချိုးပြီးသား ဖြစ်ရော..."

ဝရံတာရှိ စားပွဲခုံကလေးတွင် ထိုင်လျက် ကော်ဖီသောက်ရင်း ပြောနေကြသည့် ဦးမာန်ခန့်ချီတို့၏ စကားသံများသည် စကားသံများသည် လေယူရာအရပ်သို့ ပျံ့လွင့်လျက်ရှိသည်။

"ဒါပေါ့ ဝင့်ရာ...၊ အခုတော့ ကိုယ်တို့အတွက်ရော သားအတွက်ရော အနှောင့်အယှက်တွေ ရှင်းသွားပြီ"

"ဘာပဲဖြစ်ဖြစ် ဟိုမိန်းမ မရိပ်မိလို့ တော်သေးတယ်နော် မောင်၊ ဝင့်မှာ သူ အိမ်ပြန်ရောက်လို့ ပိုက်ဆံအိတ် ဖွင့်ကြည့်လိုက်မှာကိုပဲ စိုးရိမ်နေတာ... ဒါနဲ့ မောင်က လက်သွက်ပြီး ပိရိလွန်းလိုက်တာ။ ဘယ်အချိန်ကများ အိတ်ထဲကို လက်စွပ်ထည့်လိုက်တာလဲ... သတိထားပြီး လိုက်ကြည့်နေတဲ့ ဝင့်တောင် မသိလိုက်ရဘူး..."

"‌ဝင့်က အဲ့မိန်းမကို မီးဖိုချောင်ထဲကို ခေါ်သွားတဲ့အချိန်၊ သတ္တိနဲ့ ဟိုအကောင်က ခြံထဲမှာ ရှိနေတဲ့ အချိန်ပေါ့ ဝင့်ရဲ့။ ကိုယ် ဒီလို ပိပိရိရိ လုပ်နိုင်တယ် ဆိုတာကလည်း ဝင့် ကျေးဇူးပါနော်။ ဝင့်က ကိုယ် လွယ်လွယ် ထည့်နိုင်အောင် အဲ့မိန်းမရဲ့ ပိုက်ဆံအိတ်ကို ဧည့်ခန်းထဲမှာ ထားခဲ့ခိုင်းတာကိုး... သိပ်ပါးနပ်တဲ့ ကိုယ့်မိန်းမ... အဲ့ဒါကြောင့် သိပ်ချစ်ရတာ"

ဦးမာန်ခန့်ချီ၏ စကားအဆုံးတွင် ဒေါဝင့်ဝင့်ထည်က မျက်လွှာလေးများကို ချလျက် တဟင်းဟင်းရယ်တော့သည်။

"ရှေ့လျှောက် ဝင့်တို့ အကြံအစည်တွေကို ဝင့်တို့ စိတ်တိုင်းကျ အကောင်အထည် ဖော်ရုံပဲ မောင်။ သားလေး ဆယ်တန်းအောင်ပြီးတာနဲ့ နိုင်ငံခြားက စိတ်ကျန်းမာရေးအထူးကုတွေနဲ့ သားလေးကို ပြပြီး သူ့ရဲ့ လိင်စိတ်တိမ်းညွတ်မှုကို ကုထုံးတွေနဲ့ ကုသပေးမယ်"

"ကုထုံးတွေ ပြီးတာနဲ့ ကိုယ်တို့ သားလေးအတွက် အသင့်တော်ဆုံးဖြစ်မယ့် သတို့သမီးတစ်ယောက်ကို ရှာဖွေပြီး လက်ထပ်ထိမ်းမြားပေးမယ်...၊ အဲ့အချိန်အထိ ဟိုဝဏ္ဏဆိုတဲ့ အကောင်ကတော့ ထောင်နန်းစံနေရမှာပေါ့ကွာ... လာ... ကိုယ်တို့ရဲ့ အနာဂတ် အစီအစဉ်လေးတွေအတွက် ကော်ဖီခွက်ချင်းတိုက်ရင်း ချီးယားစ် လုပ်ရအောင်"

အပျိုးမဲ့ နိဒါန်း... အဆုံးမဲ့ နိဂုံး {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮}Where stories live. Discover now