အခန်း (၁၆)

2.2K 172 4
                                    

ကြီးတော် ဌေးမွန်က ဝဏ္ဏကို အပြည့်အဝ နားလည်မှုပေးကာ ခွင့်တစ်ပတ် ပေးလိုက်ရုံသာမကဘဲ ‌ဆိုင်တွင် ပိုနေသည့် ဆိုင်ကယ်တစ်စီးကိုလည်း ငှားပေးလိုက်သဖြင့် ဝဏ္ဏ သွားရေး လာရေးအတွက် ခေါင်းစားစရာ မလိုဘဲ အဆင်ပြေသွားသည်။ ဝဏ္ဏသည် ကြီးတော်ဌေးမွန် ငှားပေးလိုက်သည့် လော်ဂျားဆိုင်ကယ်လေးအား ဒုန်းစိုင်းမောင်းကာ ကြီးကြီးမိုးကို အမီလိုက်သည်။ ချစ်သူ ကလေး၏ ရပ်ကွက်ထိပ်တွင်ပင် ကြီးကြီးမိုးကို ဝဏ္ဏ မီပါသည်။

"ကြီးကြီး... ကြီးကြီး..."

ပါးစပ်မှလည်း တကျော်ကျော်အော်လျက် ဆိုင်ကယ်ဟွန်းကိုလည်း အဆက်မပြတ်တီးနေသည့် အသံများကြောင့် ကြီးကြီးမိုးက နောက်လှည့်ကြည့်သည်။ ဝဏ္ဏကို မြင်လိုက်ရချိန်တွင် ကြီးကြီး၏ မျက်လုံးများ သိသိသာသာ ကျယ်သွား၏။

"သား‌... ဝဏ္ဏ... ဘာလို့ လိုက်လာတာလဲ..."

"ကျွန်တော် ကလေးရဲ့ စာ ဖတ်ပြီးသွားပြီ ကြီးကြီး။ ကျွန်တော် မန္တလေးကို လိုက်သွားဖို့ ဆုံးဖြတ်လိုက်ပြီ"

ကြီးကြီးမိုးက ရင်ဘတ်ဖိလျက် ဘုရားတသည်။

"ဘုရားရေ...၊ ဖြစ်ပါ့မလားကွယ်။ မန္တလေးကို သား ရောက်ဖူးလို့လား။ နောက်ပြီး တော်တော်ကြာ ဦးမာန်တို့ သား လိုက်လာတာ မြင်သွားရင် ကမ္ဘာပျက်တာထက် ဆိုးလိမ့်မယ်နော..."

"ဖြစ်ပါတယ် ကြီးကြီး... ကျွန်တော် အဲ့လောက် မတုံးပါဘူး။ လမ်းနံပါတ် သိရရင် ကျွန်တော် သွားတတ်ပါတယ်။ ကလေးရဲ့ မိဘတွေ မတွေ့အောင်လည်း သတိထားပါ့မယ်။ ကျွန်တော့်ကို ကလေးရဲ့ မန္တလေးလိပ်စာသာ ပေးပါ...၊

ကြီးကြီးမိုးသည် ဘာမှ ပြန်မပြောနိုင်ဘဲ ခေတ္တ တိတ်ဆိတ်လျက် တွေဝေသွားသည်။ သတ္တိ၏ မန္တလေး လိပ်စာကို ပေးသင့်၊ မပေးသင့် ချင့်ချိန်နေပုံရသည်။ စိုးရိမ်စိတ်ပူနေသည့် အရိပ်အယောင်များသည် ကြီးကြီးမိုး၏ မျက်ဝန်းများတွင် ထင်ရှားစွာ မြင်နေရပါ၏။

"ကြီးကြီးရယ် စိတ်မပူပါနဲ့...၊ ကျွန်တော် သေသေချာချာ သတိထားမှာပါ။ ကျွန်တော့်ကို ယုံပါနော် ကြီးကြီး။  ကလေး ထိခိုက်နစ်နာစေမယ့် အဖြစ်မျိုးကို ကျွန်တော် လုပ်ရက်ပါ့မလားဗျာ။ ကြီးကြီးအတွက်လည်း မပူပါနဲ့။ တကယ်လို့ ကျွန်တော် မိသွားခဲ့ရင်တောင် ကြီးကြီးဆီက လိပ်စာသိရတယ်ဆိုတာကို လုံးဝ မသိစေရပါဘူး"

အပျိုးမဲ့ နိဒါန်း... အဆုံးမဲ့ နိဂုံး {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮}Wo Geschichten leben. Entdecke jetzt