အခန်း (၁၃)

950 36 1
                                    

ဝဏ္ဏနှင့် သတ္တိတို့၏ အချစ်နေ့စွဲကလေးများသည် တဖြည်းဖြည်းနှင့် လူးလွင့်ကုန်ဆုံးလာသည်။

ချစ်သူပါးလိုက်သည့် အချစ်ဟင်းတစ်ခွက်နှင့် အသည်းပုံချိုချဉ်ကလေးများကြောင့် သတ္တိ၏ နေ့လည်စာ ထမင်းစားချိန်တိုင်းသည် ရင်ခုန်ဆွတ်ပျံ့ရသလို၊ ညနေခင်းကျောင်းဆင်းချိန်တိုင်းတွင်လည်း ရေတွင်းကြီးရှိရာတွင် အမြဲစောင့်နေလေ့ရှိသည့် ချစ်သူ၏ ရင်ခွင်ထဲသို့ တိုးဝှေ့ခိုဝင်လျက် ရင်ဖိုလှိုက်မောရပြန်ပါသည်။ ထိုကဲ့သို့ ချစ်ခြင်းရနံ့သင်းထုံ့သည့် နေ့ရက်ကလေးများမှာ တစ်ရက်မှ နှစ်ရက်၊ တစ်ပတ် မှ နှစ်ပတ်၊ တစ်လမှ နှစ်လနီးပါးအထိ ရောက်ရှိကုန်ဆုံးလာခဲ့သော်လည်း သတ္တိမှာ ရိုးအီမသွားနိုင်ဘဲ လတ်‌ဆတ်စွာ ချိုမြိန်သာယာရမြဲပါပင်။

မချည်ခင်ကတည်းက ထုံးနေခဲ့ရသည့် ချစ်ခြင်းကြိုးမျှင်က‌လေးများသည် တဖြည်းဖြည်းနှင့် ပို၍ ခိုင်မာစွာ ချိတ်ထုံးငြိတွယ်လာရ၏။ တစ်ယောက်နှင့် တစ်ယောက်သည် အချိန်တိုကလေးအတွင်း နီးကပ်ဆွဲငင်လာကာ ဘဝနှစ်ခုသည် တစ်ခုတည်းဖြစ်သွားရသည်အထိ ပေါင်းစပ်ထပ်တူကျလာရသည်။

"ကိုယ့်ကို ဘယ်လောက်ချစ်လဲဟင် ကလေး"

သတ္တိ၏ ချစ်ရသူလေး ထိုသို့ မေးခွန်းထုတ်လာချိန်တိုင်းတွင် သတ္တိက ချစ်ရသူ၏ မျက်ဝန်းလေးများကို စူးစူးစိုက်စိုက် ထွင်းဖောက်ကြည့်လျက် ပြန်ဖြေလေ့ရှိပါသည်။

"သတ္တိရဲ့ ရင်ထဲမှာ ကို့ကို ချစ်တဲ့ အချစ်တွေ ထားစရာ နေရာမရှိတော့တဲ့အထိပေါ့...။ သတ္တိရဲ့ မနက်ဖြန်တွေကလေ ကို့ကို ချစ်တဲ့ အချစ်တွေကြောင့်ပဲ အဓိပ္ပာယ်ရှိနေရတာပါ ကို။ ကို့ကို ချစ်တဲ့‌အကြောင်းတွေ တွေးလိုက်ရချိန်တိုင်းမှာ ရင်ခွင်တစ်ခုလုံး သိမ့်ခနဲ ကြည်နူးသာယာသွားရတာ၊ နွေးထွေးလုံခြုံသွားရတာ အမှန်ပါ။ ကို့ကိုလေ သတ္တိ့ရဲ့ အသွေးတွေ၊ အသားတွေထဲကနေ စိမ့်နေအောင် ချစ်ရပါတယ် ကို"

သတ္တိ၏ လေးနက်နွေးထွေးလွန်းသည့် စကားလုံးများကို ဝဏ္ဏ ကြားလိုက်ရချိန်တိုင်းတွင် ကြည်နူးနှစ်သိမ့်မှုအဟုန်ဖြင့် မျက်ရည်ကြည်ကလေးများ ဝေ့ဝဲသွားသည်အထိ ကျေနပ်သာယာသွားရမြဲ။

အပျိုးမဲ့ နိဒါန်း... အဆုံးမဲ့ နိဂုံး {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮}Tempat cerita menjadi hidup. Temukan sekarang