U/Z အခန်း ၇ အခန္း၇

Comenzar desde el principio
                                    

"အဟမ်း..သေချာတာတော့ အဲ့စာကရှင့်ကိုရေးတာမဟုတ်ဘူး.."

ခုနလိုရယ်မနေတော့ပေမဲ့ ခပ်ရွှင်ရွှင်ဖြစ်နေတဲ့သူ့မျက်နှာဟာ ရုတ်ချည်းဆိုသလို တည်ကျသွားပြီး လိပ်ပြာကိုကျောခိုင်းကာ ထွက်သွားတော့သည်။

လိပ်ပြာလည်း ဟန်ကိုယ့်ဖို့လုပ်ပြီးပြောလိုက်ရပေမဲ့ စိတ်ထဲမှာလိမ်လိုက်ရတဲ့အတွက် တစ်မျိုးကြီးခံစားနေရသည်။

ကားပေါ်တက်ခါနီးမှ ဖြတ်ကနဲအတွေးတစ်ခုက၀င်လာသည်။

"နေပါအုံး..ခုဏကသူငါ့ကိုပြုံးပြလိုက်တာလား..
သူပြုံးပြတာကို မြင်ဖူးတာဒါပထမဆုံးပဲ "

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

"တင်းတောင်..."

တိုက်ခန်း‌ဘဲလ်ကိုနှိပ်လိုက်တော့ သဲနုကတံခါးလာဖွင့်ပေးလေသည်။

"ဟယ်..လိပ်ပြာပြန်လာပြီ.."

"အေး..နင်တို့အတွက် လက်ဆောင်တွေ အများကြီး၀ယ်လာတယ်.."

"လိပ်ပြာရယ်..လက်ဆောင်တွေပါလာလို့လည်း မပျော်နိုင်ပါဘူးဟယ်.."

"ဟင်..ဘာဖြစ်လို့လဲ.."

"ဧည့်ခန်းကိုရောက်ရင်သိလိမ့်မယ်..စိတ်တော့မကောင်းပေမဲ့ နင်တော့ခရီးရောက်မဆိုက် စိတ်ဆင်းရဲရအုံးမယ်.."

သဲနုစကားကြောင့် နဂိုကမှစိတ်ထဲမှာသိပ်မကောင်းတဲ့လိပ်ပြာ စိတ်ပိုရှုတ်သွားရသည်။
ဧည့်ခန်းထဲကိုရောက်တော့ ကြည်ပြာနှင့်သူဇာက အေးအေးရဲ့ ဘေးမှာဝိုင်းထိုင်နေလေသည်။
ကျောဘက်မှကြည့်ရုံနဲ့ အေးအေးငိုနေမယ်ဆိုတာကိုလိပ်ပြာသိလိုက်ပါပြီ။

"အီဟီး..ယောက်ျားတွေတစ်ယောက်မှမကောင်းဘူး..အကုန်ဒီပုပ်ထဲက ဒီပဲတွေချည်းပဲ..အဟင့်..ငါ့မှာတော့သူ့ကိုချစ်လိုက်ရတာ..အဟင့်..သူကတော့...ငါကျွေးသမျှထိုင်စားပြီး..နောက်ဆုံးကျ သူ့ဟာမနောက်ပဲကောက်ကောက်ပါအောင်လိုက်သွားတယ်..အီဟီး..သစ္စာဖောက်..လူယုတ်မာကြီး"

"ဟယ်..လိပ်ပြာပြန်လာပြီ.."

"ဟင်..လိပ်ပြာ..အီဟီး..‌"

အေးအေးက လိပ်ပြာကိုမြင်သည်နှင့် အတင်းလာပြေးဖက်ပြီး ငိုယိုနေလေတော့သည်။

ချစ်လိပ်ပြာလေး တဝဲလည်လည်Donde viven las historias. Descúbrelo ahora