အဝါရောင်ဒဏ်ရာ - ၁၅

Start from the beginning
                                    

"...."

အခန်းထဲတွင် တိုးညှင်းဖျသော ခလုတ်နှိပ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဗွီဒီယိုဖိုင်သည် တခြားတစ်ဖက်သို့ ရောက်သွားခဲ့လေပြီ။

အမြဲလို ချိုသာသော စကားလေးများကိုသာ ပြောတတ်သော သူ၏နှုတ်ခမ်းတို့သည် တင်းတင်းစေ့နေကြသည်။ ထိုအခိုက်တွင် အပြင်ဘက်မှ အခန်းတံခါးခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့၏။ မေမေပဲ ဖြစ်မည်ဟု စိတ်မှ ထင်သောကြောင့် နေရာထကာ ရပ်လိုက်သည်။

သံသရာအဆုံးထိတိုင် ချာချာနေလည်နေသော ခေါင်းအား အသိစိတ်ကပ်ပြီး အသက်မပါသည့်ငှက်တစ်ကောင်လို အစမ်း ပြုံးရယ်ကြည့်လိုက်ပြန်သည်..။

အရိပ်ထင်နေသည့် နံရံထက်မှ မှန်ပေါ်တွင် သူ၏မျက်နှာမှ အပြုံးသည် ထူးဆန်းစွာ ကိုးရိုးကားရားဖြစ်နေခဲ့သည်..။ သို့သော်လည်း သူ၏မျက်ဝန်းတို့မှာတော့ စူးရှနေပြီး ပြတ်သားခြင်းတို့ဖြင့်သာ ပြည့်နှက်နေခဲ့၏..။


___________


မင်္ဂလာဝတ်စုံကို စမ်းဝတ်ကြည့်နေသော အစ်မခတ္တာသည် သူ၏ရင်သားများကို ဟန်ပါပါ ပင့်တင့်လိုက်ပြီး ခန့်အား ကြည့်လာသည်။

"ဘယ်လိုနေလဲ..."

"ကြည့်ကောင်းတယ်.."

ခန့်သည် သူမအား ခြေအဆုံး ခေါင်းအဆုံး ကြည့်လိုက်ပြီး သူ၏မေးစေ့ကို အသာထိကိုင်ထားလိုက်၏..။ လေအေးပေးစက်ထဲမှ ပျံ့လွင့်လာသော လေထုအေးများမှာ အခန်းတွင်းထဲတွင် ဝေ့ဝဲတိုက်ခတ်နေသောကြောင့် အအေးဓာတ်မှာ စိမ့်၍ အေးနေလေသည်။

"ဒါပေမဲ့ ဂါဝန်က မတိုလွန်းဘူးလား"

"ခန္ဓာကိုယ်က လှနေရင် အဝတ်အစားက များများ မလိုဘူး.."

ခန့်သည် သူမ၏စကားအား တိတ်တဆိတ် သဘောတူလိုက်ပြီး တစ်ဝက်ခန့်နီးပါး ပေါ်ထွက်နေသော ထိုရင်သားများကို နောက်တစ်ကြိမ် ထပ်မံ၍ ကြည့်လိုက်မိပြန်သည်။

သူတို့နှစ်ဦးသား လက်ထပ်ကြမည်ဟုဆိုတုန်းက ဒီအစ်မ ဘယ်လို စဉ်းစားဉာဏ်နဲ့များ ဒါကို လက်ခံလိုက်သလဲဟု ပြန်လည်၍ တွေးမိလာသည်။

အဝါရောင်ဒဏ်ရာနှင့် ရာဇဝင်Where stories live. Discover now