အဝါရောင်ဒဏ်ရာနှင့် ရာဇဝင် - ၂

169 20 7
                                    


ဆောင်းညများသည် မှောင်ဖို့လွယ်၏..။

ညနေ ခြောက်နာရီတွင် မှောင်သည့်အမှောင်သည် ညရှစ်နာရီတွင် မှောင်သင့်သလောက်မှောင်နေသည့်အချိန်မျိုးလည်းဖြစ်နေ၏..။

လေပြင်းသည် တစ်ခါတစ်ရံ ရင်သွေးအားဆုံးရှုံးလိုက်သော သားသယ်အမေ၏ အမျက်ဒေါသလို ၊ တစ်ခါတစ်ခါ လှပသော မိန်းမပျိုတစ်ဦး၏ အိပ်ရာထက်မှ အထိအသပ် အယုအယလို နူးညံ့နေပြန်သည်..။

သစ်ကိုင်းရှည်တစ်ချောင်းပေါ် ဝက်ကို လက်မှသော်လည်းကောင်း ခြေထောက်များမှသော်လည်းကောင်း ကြိုးဖြင့်ချည်ကာ အရှေ့တစ်ယောက် အနောက်တစ်ယောက် ပခုံးမှထမ်းသယ်ဆောင်ထားရသော လူရွယ်နှစ်ယောက်၏ဘေးတွင်..

ရပ်အုပ်ကျယ်ကျယ် ၊ နှာတံထင်းထင်းဖြင့်..။ သွေးများရွှဲကာရှိနေသော လူလတ်ပိုင်းတစ်ယောက်သည် သတိကြီးစွာ လိုက်ပါလာခဲ့သည်..။

ထိုသူ၏ ကိုယ်ပေါ်တွင်ရှိသော သွေးများကဲ့သို့ နီရဲနေသော သစ်ရွက်များဖြင့်ပြည့်နေသော တောအုပ်အတွင်း သူတို့သုံးယောက်သည် မတူညီသော တိတ်ဆိတ်မှုမျိုးဖြင့် တိတ်ဆိတ်နေခဲ့ကြ၏..။

ဧကမာန်ဦးသည် စိတ်ရှုပ်ထွေးစွာဖြင့်ပင် ထိုထူးဆန်းလှသော ဖြစ်တည်မှုအား ရေရေရာရာ စဉ်းစားနေခဲ့သည်..။ ကောင်လေးသည် ကြောက်လန့်နေခဲ့၏..။

လူလတ်ပိုင်းအမျိုးသား၏ တိတ်ဆိတ်မှုသည်မှာတော့ ပင်ပန်းခြင်းကြောင့်လည်း ဖြစ်ချင်ဖြစ်မည်..။ ညစ်ပတ်သည့်အလုပ်အား လုပ်ခဲ့ရသည့် အပြစ်ရှိစိတ်ကြောင့်လည်း ဖြစ်ချင်ဖြစ်မည်။

အရာအားလုံး ဖြစ်နိုင်၏..။ ကမ္ဘာကြီးတွင် နေထိုင်နေသမျှ လူများအားလုံး စိတ်ထိန်းချုပ်မှုလွတ်ကာ ရုန့်ရင်းကြမ်းတမ်းကြသည်များတောင် ဖြစ်လာခဲ့ပြီးပြီ မဟုတ်လော..။

_________

ညနေစောင်း အချိန်အခါလင့်၍ ညအချိန်သို့ပင် ရောက်ချေပြီ..။

နှင်းမှုန်များတင်ကျန်နေ၍ သစ်ပင်တစ်ပင်လုံးအဖြူရောင်များဝေနေသော သစ်ပင်တစ်ခု၏ ‌မှောင်ရိပ်အောက်တွင် အတန်ကြာအောင် ရပ်နေခဲ့သည့် ဧကသည် ရုတ်ခြည်းပေါ်လာသောအတွေးကြောင့်ပင် သူ၏ရှေ့မှ ဖြတ်သွားသော ကောင်လေး၏ လက်မောင်းမှဆွဲကိုင်ကာ လူရိပ်ကွယ်ခြေသို့ ဆွဲသွင်းလိုက်ပါ၏..။

အဝါရောင်ဒဏ်ရာနှင့် ရာဇဝင်Where stories live. Discover now