ဝူရုန်နှင့်အခြားသူတွေက အလောင်းတွေကို ကျော်ဖြတ်ပြီး ရှေ့ဆက်လာတယ်။ဝူဇူက မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်"အာဏာရဖို့ အမြဲတမ်း လူသေတွနဲ့လမ်းခင်းရတာဘဲ"

ဝူရှိက ဂေါင်တုန်ရဲ့လက်ကို ဆုတ်ကိုင်ထားတယ်။ဧကရာဇ်ဖြစ်လာဖို့ အသက်တွေအများကြီးကို ဘာကြောင့် စတေးရလဲဆိုတာ နားမလည်နိုင်ဘူး။

"အားလုံးဘဲ မြန်မြန်သွားကြ"ဝူရုန်က လူတိုင်းကို တိုက်တွန်း လိုက်ပြီး သူက သူတို့ကိုကာကွယ်ဖို့ အနောက်ကို ပြေးသွားလိုက်တယ်။အခြားသူတွေက မြို့ပြင်ကို ရောက်တဲ့အချိန်မှ သူက သူတို့နောက်ကို လိုက်လာတယ်။

ရုတ်တရက် ပြင်းထန်တဲ့ စွမ်းအားတစ်ခုက သူတို့ရဲအကာအကွယ်အစီအရင်ကို ချိုးဖြတ်သွားပြီး ခုခံကာကွယ်တဲ့ မှော်လက်နက်တွေကို ပေါက်ကွဲသွားစေတယ်။

လူတိုင်းက ထိတ်လန့်သွားကြတယ်။သူတို့က မျှော်စင်ကနေ ခုချပြီးပြေးလာပြီး နက်ပြာရောင်ဝတ်စုံနှင့် လူတစ်ယောက်ကို တွေ့လိုက်ရတယ်။သူက ဝူရုန်လျှောက်နေတဲ့ ဘက်ကို မယုံနိုင်စရာကောင်းတဲ့ စွမ်းအင်နှင့် ပစ်လွတ်လိုက်တယ်။

သူက ဝူချန်ဇီဘဲ။ဝူဇူက ဝူချန်ဇီကို မှတ်မိသွားပြီး အော်လိုက်တယ်"ရုန်အာ အနောက်မှာ သတိထား"

အစောင့်နှစ်ယောက်က ပြေးလာပြီး ဝူရုန်ကို သူတို့နောက်မှာ ထားပြီး ကာကွယ်လိုက်တယ်။ဒါပေမဲ့ သူတို့က အဆင့်လေးကျင့်ကြံသူတွေသာဖြစ်လို့ အဆင့်ကိုးကျင့်ကြံရှေ့မှာဟအားနည်းလွန်းတယ်။သူတို့က အနီးကို မရောက်ခင်မှာဘဲ ဝူချန်ဇီပစ်လွတ်လိုက်တဲ့ ဖြုံလောက်စရာ စွမ်းအားကြောင့် လွင့်စင်သွားပြီး သေသွားတယ်။

ဝူချန်ဇီပစ်လွတ်လိုက်တဲ့စွမ်းအားက ဝူရုန်ကို ထိတော့မဲ့ အချိန်မှာဘဲ ဝူရုန်က လျှင်မြန်စွာ နောက်လှည့်လိုက်ပြီး ဝူချန်ဇီကို စွမ်းအားပစ်လွတ်လိုက်တယ်။

ပြင်းထန်တဲ့စွမ်းအားနှစ်ခုက ထိပ်တိုက်တွေ့တဲ့အခါ အနီးအနားက အဆင့်နိမ့်ကျင့်ကြံသူတွေက လွင့်စင်ကုန်ပြီး သူတို့ကို တုန်လှုပ်စေပြီး သတိလစ်သွားစေတယ်။

COTAW(2)Where stories live. Discover now