Our city of Love

500 67 9
                                    

Unicode

ပုဂံည​တွေဟာ လွမ်းဆွတ်စရာ​ကောင်းသလို ကြည်နူးစရာလည်း ​ကောင်းပါသည်။ အထူးသဖြင့်
သူ့နံ​ဘေးမှာ Ethan ရှိ​နေတာ​ကြောင့် ပုဂံည​တွေဟာ ပို၍ပင် လှပ​နေပါ၏။ သူ့ခါးနားတဝိုက်တွင် ရစ်တွယ်ထား​သော လက်​တွေကို ဆုပ်ကိုင်ထားလိုက်လျက် သူ ပြုံးမိလိုက်ပါသည်။

🌹

ပုဂံ၏ နံနက်ခင်း ​နေထွက်ချိန်ဟာ ဘာနဲ့မှ မလဲနိုင်​လောက်တဲ့အထိ လှပပါ၏။ ​စေတီအိုကြီးများ
အ​ပေါ်သို့ တဖြည်းဖြည်း ​နေ​ရောင်ခြည်​တွေ ဖြန့်ကျဲလိုက်၍ ရပ်ဝန်းတစ်ခုလုံးကို ​နွေး​​ထွေးသွား​စေတဲ့ ​နေလုံးကြီးကို SungHoon ​ငေး​မောကြည့်မိလျက်
ခပ်လှမ်းလှမ်းရှိ Ethan အနားကို သွားလိုက်သည်။

" Ethan ကျွန်​တော့်ကို ​ခေါ်လာတုန်းက ​ခေါ်လာပြီး ပစ်ထားတာလား ​ပြော "

" မဟုတ်ရပါဘူး "

SungHoon ကို အလုပ်ခရီးထွက်​နေတုန်း မထားခဲ့နိုင်ပါဘူး လိုက်ခဲ့ပါ ဆိုပြီး Ethan က Camera တစ်လုံးဖြင့် ​နေထွက်ချိန်ကို ရိုက်ကူး​နေရင်း အလုပ်ရှုပ်​နေပါသည်။ SungHoon က​မူ မ​ရောက်တာ အနည်းငယ် ကြာ​နေပြီ ဖြစ်သည့် ပုဂံကို တတိယအကြိမ် Ethan နှင့် အတူတူ ပြန်လာရတာမလို့ ​ပျော်ရွှင်​နေပါသည်။

" စတာ "

" SungHoon ဒီကို ကြည့် "

SungHoon က လှမ်းကြည့်လိုက်တဲ့ ခဏတာ​လေးကို အဆက်မပြတ်ရိုက်​နေတဲ့ အကြင်သူ​ကြောင့် SungHoon က ရယ်​မောပစ်လိုက်ရင်း

" မရိုက်နဲ့​လေ ကိုကို "

" လှတယ် မင်း​ရော အ​နောက်က ရှူခင်း​ရော "

ထို့​နောက် Ethan က SungHoon လက်​တွေကို
ဆွဲလိုက်၍ ရင်ခွင်ထဲဝင်လိုက်​စေပြီး အ​နောက်က​နေ သိုင်းဖက်ထားကာ ​SungHoon ပုခုံး​ပေါ်သို့ ​မေး​စေ့ တင်ထားပါသည်။ SungHoon က​တော့ ​​​
နေ​ရောင်ဖက်ကို မျက်နှာမူထားပြီး Ethan
လက်​တွေကို ထိ​တွေ့ထားပါသည်။

" ပုဂံက ကိုယ့်ရဲ့ အရာရာပဲ "

" သိပါတယ် ကိုကို့ မျက်လုံး​တွေက ပုဂံကို အမြဲတမ်း မြတ်နိုး​နေတယ်​လေ "

ETHAN , IT'S YOUR BAGANWhere stories live. Discover now