❝ htilominlo ❞

765 127 15
                                    

Unicode

သာမာန်ထက် ထူးခြားသော နေ့တစ်နေ့ဖြစ်တာကြောင့် SungHoon စိတ်လှုပ်ရှားနေတော့သည်။ သာမန်လိုမဟုတ်ပဲ ထူးထူးခြားခြား အဝတ်အစားကအစ အစအဆုံး အသေးစိတ် ရွေးချယ်ခဲ့သော နေ့တစ်နေ့ဖြစ်သည်။ ထိုသို့ စိတ်လှုပ်ရှားမှုများသည် မနေ့က ညက ဖြစ်ပါလိမ့်မည်။

" Ethan ကျွန်တော် Ethanနဲ့ တွေ့ချင်သေးတယ် မနက်ဖြန် တွေ့ရအောင် "

" ဘယ်မှာတွေ့ချင်လဲ … "

" Ethan ဘယ်မှာတွေ့ချင်လဲ ကျွန်တော်က
ခင်ဗျားကို ဘယ်နေရာမှာ ဖြစ်ဖြစ် လာတွေ့မှာမလို့ "

"ကိုယ် မင်းကို မင်းနေတဲ့နေရာမှာ
လာစောင့်ပါ့မယ် "

သတ္တိမွေးပြီး ပြောခဲ့သော စကားတစ်ခွန်း
ဖြစ်သော်လည်း Ethanဟာ သူ့ကို ပြုံးပြုံးဖြင့် သာ ကြည့်နေခဲ့သည်။ လရောင်အောက်တွင် Ethan၏ အပြုံးများနှင့် မျက်ဝန်းများအား တောက်ပနေခဲ့သည်...။

🌹

Ethanကို Hotelရှေ့တွင် စောင့်နေစဉ် ရုတ်တရက် အရှေ့တွင် ရောက်လာသော ဆိုင်ကယ်အနက်ရောင် တစ်စီးကြောင့် SungHoon အနည်းငယ် အံ့ဩသွားခဲ့သည်။ သူ သိရသလောက်တော့ သူတို့က အတူတူသွားမှာပေမယ့် သပ်သပ်စီသွားကြမှာ မဟုတ်ဘူးလား..။

" တက် "

" ဗျာ "

" ကိုယ် မောင်းမယ်လေ "

" ကျွန်တော် ဘယ်သူ့နောက်ကမှ လိုက်စီးဖူးတာ မဟုတ်ဘူး "

" ကိုယ်တို့ သွားရအောင် ခါးကို တင်းတင်းကျပ်ကျပ် ဖက်ထားနော် "

ဆိုင်ကယ်ဦးထုပ်ကို ဆောင်းပေးရင် နူးနူးညံ့ညံ့ ပြုံးပြသူကြောင့် နံနက်ခင်းအလှဟာ ပြီးပြည့်စုံနေတော့သည်။ သို့သော် ခါးကို ဖက်ထားဖို့ဆိုသည်မှာတော့ အနည်းငယ် ခက်ခဲသည့် ကိစ္စဖြစ်နေသေးသည်။

ဆိုင်ကယ်ပေါ်တက်လိုက်တဲ့အခါ အကြင်သူ၏
ရယ်သံခပ်တိုးတိုးကို ကြားဖြစ်အောင် ကြားလိုက်ပါသေးသည်။ ထို့နောက် ဆိုင်ကယ်စက်မနှိုးခင် သူ့လက်တစ်ဖက်ကို ညင်ညင်သာသာ ဆွဲယူပြီးနောက် ပုခုံးပေါ်တွင် တင်ပေးလိုက်သည်။ ဖြစ်ပျက်သွားသည်မှာ မြန်ဆန်လွန်းတာကြောင့် သူဘာကိုမှ သတိမရတော့သော်လည်း ရင်ခုန်သံများသည် ကျယ်လောင်လာသည် ဆိုတာတော့ သေချာပါသည်..။

ETHAN , IT'S YOUR BAGANWhere stories live. Discover now