❝ Dhammayangyi ❞

744 106 24
                                    

Unicode

မွေ့ယာပေါ်တွင် အေးချမ်းစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် အကြင်သူသည် အလွန် အားနည်း၍ တစ်ခုခုအပေါ် စိတ်ပူနေသည့် ပုံစံနှင့် တူသည်။ အိပ်ရေးတွေလည်း ပျက်သည့်အပြင် အစား ကောင်းကောင်း မစားသည့် ပုံပေါက်နေတာကြောင့် လက်ဖမိုးကို ပါးပြင်တွင် ကပ်လိုက်ကာ မျက်ရည်ဝဲ လာရတော့သည်..။ ရှပ်အင်္ကျီ ကြယ်သီး နှစ်လုံးလောက်မှာ မတပ်ရသေးတာကြောင့် လည်တိုင်ပေါ်တွင် ထင်းနေသော နီညိုရောင် အမှတ်အသား တစ်ခု..။

သူ ဒီကလေးအပေါ် မှားခဲ့ပြီ။
ဒီကလေး ပင်ပန်းတာတွေလည်း မသိခဲ့ သိခဲ့သော်လည်း ဒီလောက်အထိ ကြီးမားမှန်း မသိ။ အားနာစိတ်များနှင့် စိတ်မကောင်းမှုများ ပေါင်းစပ်မိသောအခါ မျက်လုံးထဲမှ အရည်ကြည်များသည် ပါးပြင်ပေါ်သို့ အဆက်မပြတ်။

" ချစ်တယ် "

" ချစ်တာမလို့.. " ဟု ရေရွတ်ရင်း SungHoon ဘေး လစ်ဟင်းနေသော နေရာတွင် ဝင်လှဲလိုက်သည်။ အကြိမ်ပေါင်းများစွာ အတူတူ အိပ်စက်ခဲ့ဖူးပြီး သူ့ရင်ခွင်ထဲ အကြိမ်ပေါင်းများစွာ တိုးဝင်ခဲ့ဖူးသည်။ သို့ပေမယ့် လက်ရှိမှာတော့ SungHoon နာကျင်နေသည်။ အကြောင်းအရင်းကို သူ လုံးဝ မသိသော်လည်း သူ့ရင်ခွင်က ထိုကလေးအတွက် နာကျင်စရာများကို အနည်းငယ်ကို ပျောက်လိုပျောက်ငြား..။

သို့သော် Ethan၏ ရင်ခွင်ဟာ လက်ရှိမှာ SungHoon အတွက် နာကျင်စရာများကို ပိုမို ဖြစ်ထွန်းစေသော နေရာဖြစ်ကြောင်း Ethan မရိပ်မိခဲ့။

🌹

ရင်ခွင်ထဲမှ အကြင်သူသည် အားဖြင့် ရုန်းထွက်နေတာကြောင့် Ethan အိပ်ပျော်နေရာမှ ရုတ်တရက် နိုးလာရတော့သည်။ မျက်လုံး ဖွင့်လိုက်သည့်အခါ ပြူးကြောင်ကြောင် ဖြင့် မွေ့ယာနားတွင် မတ်တပ်ရပ် ကြည့်နေသော SungHoonသည် လူ လစ်တုန်း တစ်နေရာရာကို သွားတော့မည့် အသွင်။ ထို့ကြောင့် လက်ကောက်ဝတ်ကို အားဖြင့် ဆွဲလိုက်သောအခါ မွေ့ယာပေါ်သို့ ယိုင်ကျလာတော့သည်။

" ဘယ်လဲ "

သူတို့နှာဖျားချင်း ထိကပ်မိသွားသည့်အခါ ကိုင်ထားသည့် လက်ကောက်ဝတ်ကို အားဖြင့် ရုန်းကန်ရင်း

ETHAN , IT'S YOUR BAGANWhere stories live. Discover now