❝ ShweSiKone ❞

764 128 12
                                    

Unicode

ရွှေစည်းခုံ ဘုရား

ပုဂံတွင် ထင်းရှားသည့် ဘုရားတစ်ဆူ ဖြစ်သည့် အပြင် ရွှေတောင် အသွင် ၊ ရွှေဆွမ်းအုပ် အသွင် ရှိသည်။ အနော်ရတာ  မင်းကြီး တည်ထားသော ဘုရားတစ်ဆူ ဖြစ်၍ ထင်ရှားသော ဘုရားတစ်စုလည်း ဖြစ်သေးသည်။ သမိုင်းအရ ထူးခြားလေးနက်မှုများ များစွာရှိသော ဘုရားတစ်ဆူဖြစ်သည်။  နံနက်ခင်း အချိန်တွင် သာယာလှပသလို ညဖက်တွင်လည်း အေးချမ်းမှုကို ဖြစ်စေသည့်အပြင် လေ့လာစရာ ပေါများသော ဘုရားတစ်ဆူပင်။

🌹

SungHoon Ethan နှင့် အဆက်အသွယ်ရှိသော်လည်း မတွေ့ရသည်မှာ ၅ရက်..။ တွေ့ချင်လှပါသော်လည်း ကိုယ်စီ ကိုယ်စီ အလုပ်တွေရှိနေတာကြောင့် တွေ့ခွင့်မရခဲ့သော်လည်း ဒီနေ့တော့ ပထမဆုံး အကြိမ် ပြန်တွေ့ဆုံရခြင်းပင်..။ ဘာဆက်ဆံရေးမှန်း မသိတော့ပေမယ့် နေ့တိုင်းလိုလို ဖုန်းပြော ဖြစ်ကြသေးသည်...။ စိတ်လှုပ်ရှားမှုများဟာ ကြီးစိုးနေ၍ လက်ထဲမှ စာအုပ်ကိုလည်း သေချာ ဆုပ်ကိုင်ထားလိုက်သည်။

" SungHoon "

" Ethan..မျက်နှာလေး ချောင်ကျသွားတာပဲ "

မြင်မြင်ချင်း Ethanကို စိုးရိမ်တကြီး ကြည့်မိတဲ့အခါ မျက်ဝန်းလှလှလေးတွေသည် မတောက်ပတော့ပဲ အနည်းငယ် ပင်ပန်းနွမ်းနယ်နေတာကို ဖော်ပြနေသည်။ သို့သော် ပုဆိုးဝတ်ထားသောကြောင့် မရင်းနှီးသော ပုံစံ တစ်ခုပင်..။ Ethan၏ ဆံနွယ်တွေသည် နှဖူးပေါ် ချထားလျက် သင်းပျံ့နေသော ရနံ့တစ်ခုကြောင့် ခေါင်းလျှော်ရည် ရနံ့ဟု ယူဆလိုက်သည်။

" SungHoon ကိုယ် မင်းကို လွမ်းနေခဲ့တာ "

" Ethan..ဒါတွေပြောဖို့ အချိန်မရှိဘူး ဘာတွေလုပ်နေခဲ့လို့ ဒီလို ပုံစံ ဖြစ်နေရတာလဲ "

Ethanကို အသံစူးစူး ဖြင့် တဖွဖွပြောသောအခါ ပြုံးလျက် ခေါင်းခါနေပြန်သည်။

" အဖိုးကြီးလေးလား တိုးတိုးနေပါဦး လာပါ လမ်းလျှောက်ကြရအောင် "

Ethanသည် လက်နောက်ပစ်ကာ အရှေ့မှ လမ်းလျှောက်နေသည်။ ပုဆိုးနှင့် အင်္ကျီလက်ရှည် အဖြူရောင်သည် Ethan နှင့်မှ အလွန္ လိုက်ဖက်နေသည်။ သူ့ကို ပြုံးပြနေသော Ethanသည် လူကြီးဆန်လွန်း၍ ရင့်ကျက်နေသည့် လူ တစ်ဦးပင်...။ ဒီလို လူမျိုးဟာ သူနှင့် လိုက်ဖက်ပါ့မလား..။

ETHAN , IT'S YOUR BAGANWhere stories live. Discover now