❝ Ananda ❞

4K 178 12
                                    

Unicode

Novemberရဲ့ အစ၊ပထမဆုံးရက်မှာ ကိုယ်ဟာ
ပုဂံရဲ့ အရုဏ်တက်ချိန်ကို တမ်းတနေမိရင်း...
အတိတ်မှ ရုန်းမထွက်နိုင်သူ ဖြစ်နေရသည်။

ကိုကိုရော တမ်းတနေမလား... ဒါမှမဟုတ်
မေ့ပစ်လိုက်မှာလား။







" Park SungHoon "

အသံကြားရာ အရပ်ကိုလှည့်ကြည့်လိုက်တော့ Jayဖြစ်နေသည်။ Jayသည် SungHoon၏
တစ်ဦးတည်းသော သူငယ်ချင်း။ သူတို့နှစ်ယောက် ပေါင်းလာတာ နှစ်တွေလည်း မနည်းတော့ချေ။
Jayက SungHoon စီပြေးလာရင်း ပုခုံးကို
သိုင်းဖက်လိုက်သည်။

" နေထွက်တော့မယ်...Jay "

" ပုဂံက နေထွက် ဆည်းဆာကို
လွမ်းမိသားပဲ ဟက် "

SungHoon ခပ်ဟဟရယ်လိုက်ရင်း ပြောလိုက်
သည့် အဆုံး SungHoonကို သိုင်းဖက်ထားတဲ့ Jay လက်တို့က လျော့ကျလာပြီး ရုတ်တရက် သူငယ်ချင်းကို အကဲခတ်နေသည်။
SungHoonသည် ရယ်နေသော်လည်း နေရောင်ကို ကြည့်နေသော မျက်ဝန်းတွေသည် ရီဝေနေသည်။ မျက်နှာမှာလည်း တစ်စုံတစ်ခုကို ဆွေးမြေ့
နေကြောင်း ထင်ရှားနေသည်။

" SungHoon... မင်းတစ်ခုခု ကြီးကြီးမားမား ဖြစ်လာတယ်မလား လွန်ခဲ့တဲ့ ၂နှစ်က "

SungHoon သည် Jayစကားကြောင့် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ ထို့နောက် သူတစ်ယောက်တည်း
သိတဲ့ လျို့ဝှက်ချက်တွေကို ပြန်တွေးရင်း Jayကို ကြည့်လိုက်သည်။ အတိတ်တွေပေါ့ … လှပခဲ့သလို အလွန်နာကျင်စရာကောင်းလွန်းတာကြောင့်
ပြန်မသွားချင်တော့သည့် အတိတ်တွေ။

" ပုဂံမှာ မြန်မာမလေးတစ်ယောက်နဲ့တွေ့လာပြီး အခုထိ မေ့လို့မရသေးတာလား ဟုတ်လား "

မဟုတ်လောက်မှန်းသိပေမယ့် Jayသည် SungHoonကို စိတ်ပူသည်။ အခုထိ ပုဂံကိုလွမ်းနေပြီး မေ့မရနိုင်သေးတာ သေချာပေါက်တစ်စုံတစ်ယောက်ကြောင့် ဖြစ်ပေလိမ့်မည်။ သို့သော် SungHoonဖက်က ဒီအ​ကြောင်း​တွေကို တစ်ခွန်းမှ မဟဖူးသေးချေ။

" ပေါက်ကရ "

" ငါအဆင်ပြေပါတယ် အခုလဲ "

ဟင့်အင်း ၊ မပြေဘူး...။
ငါ့ရဲ့စိတ်ဝိညာဉ်က လွန်ခဲ့တဲ့ ၂နှစ် ၊ ပုဂံကနေ
မလွတ်မြောက်နိုင်သေးဘူး ဆိုတာကိုတော့ Jayကို
မပြောဖြစ်တော့။

ETHAN , IT'S YOUR BAGANजहाँ कहानियाँ रहती हैं। अभी खोजें