Chapter (9) Beating Heart

934 59 17
                                    

Unicode

ဒန်နီရယ် ၏ ခေါ်သံကြောင့် သူ သတိပြန်ဝင်လာခဲ့သည်။ စဝ်လွန်းရီတစ်ယောက် ကိုယ့်ဘာသာကိုယ်တောင် သတိမထားမိလိုက်ပဲ လက်ထဲတွင် ကင်မရာကို ကိုင်ကာ ကြောင်ငေးစွာဖြင့် ထိုနေရာ၌ အချိန်အတော်ကြာအောင် ရပ်နေခဲ့မိသည်။

သူ သတိပြန်ကပ်လာသည့်အချိန်တွင်တော့ သူ့မြင်ကွင်းထဲမှ စဝ်ခွန်စစ် နှင့် ထိုအမျိုးသမီးက ကျောခိုင်းထွက်ခွာသွားခဲ့လေပြီ။ စဝ်လွန်းရီ လည်း မိမိရင်ထဲက အလိုမကျသော ခံစားချက်တစ်ခုကို မသိကျိုးကျွံပြုလိုက်ရင်း ကင်မရာကို ကားထဲပြန်ထည့်သိမ်းကာ ဆေးရုံပေါ်သို့ ဒန်နီီရယ် နှင့်အတူ လိုက်လာခဲ့လိုက်တော့သည်။ ဦးစံဖူး ကတော့ လက်ဆောင်ခြင်းတောင်းကို သယ်ကာ သူတို့နောက်မှ ထပ်ကြပ်မကွာ ပါလာခဲ့သည်။

ဒန်နီရယ် ခေါ်သွားသည့်နောက်သို့ သူ့ခြေလှမ်းများက ထပ်ကြပ်မခွာလိုက်နေသော်လည်း စိတ်အစဉ်ကတော့ ကျောခိုင်းထွက်ခွါသွားသူနှစ်ဦးနောက်တွင်သာ ကပ်တင်ကျန်ရစ်ခဲ့လေသည်။ စဝ်ခွန်စစ်၏ ထိုအမျိုးသမီးအပေါ်ထားရှိသည့် လေးစားမြတ်နိုးသည့်အကြည့်၊ နူးညံ့နွေးထွေးသောအပြုံးတို့က စဝ်လွန်းရီ၏ အာရုံထဲတွင် သူခုနကရိုက်ထားလိုက်မိသည့် ဓာတ်ပုံကဲ့သို့ တဖြတ်ဖြတ် ပြန်လည်မြင်ယောင်နေခဲ့သည်။ ထိုအမျိုးသမီးသည် စဝ်ခွန်စစ်၏ နှလုံးသားထဲမှ တိတ်တခိုးမြတ်နိုးနေရသောသူဆိုသူ ဖြစ်ကောင်းဖြစ်နိုင်သည်ဟု သူ ကိုယ့်ဘာသာကိုယ် မှတ်ချက်ချလိုက်မိသည်။

ထိုစဉ် ဒန်နီရယ်၏ ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွားပြီးနောက် သူ့ဘက်ကို စကား လှည့်ပြောလာသည်။

"ငါ reception ကို ပြောစရာရှိလို့ တချက်သွားလိုက်ဦးမယ်.. မင်း ဒီမှာ ခဏစောင့်နေလိုက်"

"ဪ.. အ..အင်း"

"မင်း နေရောကောင်းရဲ့လား စိတ်နဲ့လူနဲ့ မကပ်သလိုပဲ တစ်ခါတည်းဆေးခန်းဝင်ပြရင်ပြသွားလိုက်ပါလား"

"ဟင်.. ကောင်းပါတယ်.. နည်းနည်းပင်ပန်းသွားလို့ အိပ်ငိုက်နေတာ" သူ အကြောင်းပြချက်အနည်းငယ် ပေးလိုက်သည့်အခါတွင်တော့ ဒန်နီရယ် က မျက်ခုံးကိုပင့်၍ ခေါင်းညိတ်ကာ ထွက်သွားလေသည်။

You've reached the end of published parts.

⏰ Last updated: Apr 15, 2023 ⏰

Add this story to your Library to get notified about new parts!

Royal SecretWhere stories live. Discover now