Part16

6.5K 118 12
                                    

"ဆရာမလေး ပြန်လာပီးလာ"

"မေမေနော် ဘယ်လိုတွေခေါ်နေတာလဲ"

"စတာပါတော် လာလာသမီးကြိုက်တဲ့ ဟင်းချိုနဲ့ငါးခြောက်လေးချက်ထားတယ် ရေချိုးပီး ထမင်းစားမယ်"

"ဆရာမလေး....ဆရာမလေး...."

"ဘာဖစ်တာတုန်း....ဟဲ့အရေးကြီးသုတ်ပြာနဲ့"

"ဆရာမလေးစားဖို့ ကြက်သားဟင်းလာပို့တာ"

"အောင်းမလေး...ဆလိုင်းကျော်ထေးရယ် လန့်သွားတာပဲ ဟင်းလာပို့တာကလည်း"

"ဆရာမလေးရော အရီး..."

"ရေချိုးနေတယ်ကွယ်.....ခဏစောင့်သွားလိုက်လေး"

"ဟုတ်ကဲ့."

ဆလိုင်းကျော်ထေးဆိုတာက ရွာလူကြီးရဲ့သားဖစ်သည် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေါ့ ရွာမှာဆိုရင် နွေအရိပ်ရွာကိုစစရောက်ကတည်းက ဆလိုင်းအောင်ထေးက စစရာရာဂရုစိုက်ပေးသူဖစ်သည် သူမအိမ်ဆောက်တုန်းကလဲ ဆလိုင်းအောင်ထေးရဲ့လူတွေကူပေးတာများသည်

💔💔💔💔💔💔💔💔💔

"အာဏာ သိမ်းရင် ငါတို့ဘိန်းဖြူတွေကို စိတ်ကြိုက်ရောင်းလို့ရပီး "

"အဖေ့ သဘောပဲ အဖေကြိုက်လုပ်ဗျာ..... "

"ဘာဖစ်တာလဲမင်းက မိန်းမတစ်ယောက်အတွက် ဘဝကြီးတစ်ခုလုံးးးကို ရေစုန်မျှော်တော့မလို့လားကွား"

"မမက သာမန်မိန်းမ မဟုတ်ဘူး အဖေ ကျွန်တော့်ဘဝကြိး သူမရှိရင် ကျွန်တော်ဘဝကြီး အမှောင်ပဲ "

သူတို့သားဖနှစ်​ယောက်စကားပြောနေစဥ် စခန်းမှုးကြီးရောက်လာခဲ့သည်

"သခင်လေး...သခင်လေး.... မမလေးသွားတဲ့နေရာ သိပီး"

"ဘယ်ကိုသွားတာလဲ အခုဘယ်မှာလဲ ဘာတွေလုပ်နေလဲ သူ့ဘေးမှာ တခြားကောင်တွေကပ်နေလား"

"ဖြေးဖြေးမေးပါ သခင်လေးရယ်....အခုမမလေးက ချင်းပြည်နယ်မှာ သူနေတဲ့နေရာက လမ်းကြမ်းတယ်အရမ်း
ချင်းပြည်နယ်မှာ ကျုပ်သူငယ်ချင်းရှိတယ်လေ အဲ့ရွာမှာသူကရွာလူကြီး"

"သူကဘယ်လိုသိတာ ငါ့မိန်းမကို "

"အော်.....ဟိုနေ့က သခင်လေးမိန်းမအပေါ် အရမ်းချစ်တာပြောပြရင်း စကားဆက်မိသွားတာ အဲ့ဒါနဲ့ သူတို့ရွာမှာ မြို့ကလူနှစ်​ယောက်နေတယ်ပြောတော့ မေးရင်းမေးရင်းသိသွားတာ"

You've reached the end of published parts.

⏰ Last updated: Apr 20 ⏰

Add this story to your Library to get notified about new parts!

မင်းကမောင့်အပိုင်Where stories live. Discover now