part 1

24.2K 316 6
                                    

"အရိပ်လေး..သမီးအခန်းထဲကခဏထွက်လာပါဦး
မေမေပြောစရာရှိလို့..

"ဟုတ်မေမေ...

သူမနာမည်ကနွေအရိပ် ဖစ်ပီး ရုပ်ရည်ကတော့အရမ်းလှတဲ့ထဲမပါပေ ဆံပင်ကအရှည်ခါးလောက်ရှိပီး သူမအသက်က23ဖစ်ပြီး သူမမှာအမေတစ်ယောက်သာရှိ၏. သူမကကျောင်းထွက်ထားတာမကြာသေးပေ..

"ပြောလေး မေမေ..

"သမီးကိုသူဌေးကြီးဦးတာရာက သူ့သားလေးကိုစာပြခိုင်းမလို့တဲ့..အဲ့ဒါဘယ်လိုသဘောရလဲ သမီး..

ဦးတာရာဆိုတာက သူမတို့မိသားစုရဲ့ကျေးဇူးရှင်လဲဖြစ်သလိုသူမအဖေကရဲ့အလုပ်ရှင်လဲဖြစ်ခဲ့ဖူးသည်..

"အမေရယ် သမီးမှာအလုပ်ရှိနေတာပဲဟာ.. သူတို့ဘာသူတို့တခြား သူကိုခေါ်ပါစေပေါ့ အဲ့အိမ်နဲ့သမီးမပတ်သက်ချင်ဘူး,.

"သမီးရယ် သူဌေးကြီးရဲ့ကျေးဇူးတွေက ရှိသေးတယ်လေ သူဌေးကြီးကတောင်းတောင်းပန်ပန်နဲ့ပြောရှာတာ သူ့သားလေးကိုစာပြပေးဖို့ကို သူ့သားလေးကလဲ ကျောင်းတတ်တာ မကြိုက်ဘူးဆိုတော့ ကျောင်းမှာ စာသင်ဖို့ကလဲမဖြစ်နိုင်ဘူးလေ သမီးရယ်..

နွေအရိပ် ထိုမိသားစုနဲ့ပတ်သက်ရမှာ အရမ်းကြောက်သည်.. သူမအဖေရှိစဥ်တုန်းကလဲ ပေးမပတ်သက်စေချင်ပေမဲ့လဲ သူမတို့စားဖို့က သူတို့ဆီကပဲရနေတာဆိုတော့..

"မေမေကလဲ သူတို့နဲ့မပတ်သက်ပါနဲ့ဆိုတာ ပြောကိုသွားပတ်သက်ပြန်ပြီး သူတို့ ဘာကြီးတွေမှန်းမသိဘူး..ဂိုဏ်းစတားလိုလိုဘာလိုလိုနဲ့..ကြောက်စရာကြီး

ဦးတာရာတို့က တကယ်လဲသူမပြောသလို မကောင်းတဲ့နည်းနဲ့ စားမကုန်သောက်မကုန်အောင် ချမ်းသာတဲ့လူတွေဖြစ်ကြ၏..ဒါကြောင့် သူမသိတတ်တဲ့အရွယ်ကစပြီး သူမရဲ့အမေကိုပေးမပတ်သက်ခိုင်းပေ အခုလဲ သူမမပတ်သက်ခိုင်းတဲ့ကြားက ရအောင်သွားပတ်သက်သော သူမအမေကိုလဲ အပစ်တင်ချင်မိ၏..

"သမီးကိုလဲ သူဌေးကြီးနဲ့သူဌေးမကြီးက ချစ်ရှာပါတယ်..သမီးအခုလုပ်နေတဲ့နေရာထပ်စာရင် သူ့တို့သားလေးကိုစာသင်ပေးလိုက်တာက အဆင်ပြေမယ်ထင်တယ်..သူတို့သားလေးကလဲ အသက်13သာပြောတယ်.. လူကြီးလေးလိုပဲ..သမီးစိတ်ရှုပ်စရာမလိုပါဘူး

မင်းကမောင့်အပိုင်Where stories live. Discover now