part 12

4.4K 77 0
                                    

"ငါအပြင်သွားချင်တယ် သခင်"

သူမအပြင်ထွက်ဖို့အကြောင်းကိုထပ်ပြီး ပြောလာပြန်၏,သခင်ကို

"မောင်လိုက်ပို့ပေးမယ်လေ မမ "

"မလိုဘူး....ငါ့ဘာငါသွားမယ် ငါဝယ်စရာတွေရှိလို့"

သခင်ကိုအမြဲတမ်း ဒုက္ခပေးဖို့ပဲချောင်းနေတဲ့ နွအေရိပ်ကို ဂျက်စ်တစ်ယောက် ကြည့်ရတာအဆင်မပြေတော့ပေ,

"ဘာလို့သခင်လေးကို ဒုက္ခပေးချင်နေတာလဲ မမေလး....သခင်လေး မမလေးကိုချစ်လို့ ဒီလောက့်အလိုလိုက်တာ,မမေလးက တသအမျိုးပြီးတစ်မျိုးဘယ်လို ဒုက္ခပေးရမလဲဆိုတာပဲအမြဲတွေးနေတယ်"

ဂျက်စ်ကမကျေနပ်လို့ထပြောပေမဲ့ သခင်ကတော့ နွအေရိပ်ပေးတဲ့ဒုက္ခဆိုတာသူအတွက်အရမ်းချိုမြိန်တာကြောင့် သူမေပးတဲ့ ဒုက္ခတိုင်းကိုခံယူဖို့ဆုံးဖြတ်ထား၏ ဒါကြောင့် ဂျက်စ်စကားကိုမနားထောင်ပဲ

"မမကြိုက်တာလုပ်ပါစေ... မမအခုအပြင်သွားမယ်မို့လား.

"အင်း.....ငါအပြင်သွားချင်တယ် အရင်တခါကလိုမဖြစ် စေရဘူး ကတိပေးတယ်,

နွအေရိပ်ထွက်သွားဖို့ လုပ်တုန်းမှာပဲ သခင်က

"မမကိုပြောစရာရှိလို့ မမရဲ့အမေကို ဟိုဘက်ခြံအိမ်မှာထားထားတယ် မမတွေ့ချင်ရင် ဟိုဘက်ခြံကိုသွားလို့ရတယ်နော်,

"နင်ပြောစရာရှိတာ ဒါပဲမဟုတ္လား ဒါပဲဆိုငါသွားတော့မယ်

"မမသေဘာပဲပါ, မောင့် အိပ်ယာဘေးက ခုံမှာဆွဲဖွင့်ပြီး ကြိုက်သလောက်ပိုက်ဆံယူသွားနော် မမ

"အဲ့လောက် ငါမလိုဘူး...နှစ်သောင်းလောက်ပဲလိုတယ် ။

"ယူသြားပါ မမရယ်.... ကုန်သလောက်ပဲသုံးခဲ့ပေါ့ မောင်ရှာတွေက မမအတွက်ပဲလေ,

"မကောင်းတဲ့နည်းနဲ့ရှာတဲ့ငွေတွေကို ပျော်ပျော်ကြီးထိုင်သုံးမဲ့မိန်းမ မဟုတ္ဘူ ငါက,

သခင်ကစေတနာနဲ့ပြောပေမဲ့ နွအေရိပ်သခင်ရဲ့စေတနာကို နည်းနည်းလေးတောင် မမြင်,
သူမပြောချင်တာတွေပြောပီး လမ်းမရှိရာကို ထွက်လာပြီး ကားတစ္စီးငွားကာ ကုန်တိုက်တစ်ခုကိုမောင်းခိုင်းလိုက်၏ သခင်ကတော့ ပြုံးပြုံးကြီးကျန်ခဲ့ပြီး သူမပြောတာတွေကတော်တော်နားဝင်ဆိုးပေမဲ့ သခင်အတွက်ကတော့ သူနားထဲမှာတော့ ချိုမြနေသည် သူမပြောတဲ့စကားတွေကဆိုးလားမဆိုးလား ဘေးနားက ဂျက်စ်တောင် သူမကိုထသတ်ချင်တဲ့စိတ်တွေဖစ်၏ ဒါပေမဲ့ သူမဘက်ကကြည့်ရင်လဲ ထိုကဲ့သိုပြုမူတာမှန်သည်ဖစ်သည် သူမလင်ပွန်းလောင်ကိုသတ် သူမ ကိုအလိုမတူပဲယူ သူမအေမကိုလဲ မထင်ရင်မထင်သလိုနှိပ်စက်...ဒါကြောင့်သူမဘက်ကကြည့်ရင် လုံးဝ မမှားပေ....

မင်းကမောင့်အပိုင်Where stories live. Discover now