part 14

3.8K 68 0
                                    

"ငါအပြင်သွားမယ်... ငါ့ကို အပြင်ပေးသွားပါလား "

"မောင့်ဆီကခွင့်တောင်းစရာလို့လား"မမသေဘာ

သူမဘာမှမပြောတော့ပဲ အပြင်ထွက်ပီး ကိုကိုမောင်ရဲ့ဦးလေးဆီသွားဖို့ ကားအမြန်ငှားကာ ဟိုတခါက တွေ့ခဲ့တဲ့ဆိုင်ကိုလာခဲ့သည် ခက်တာကအဲ့နေ့က သူမသူဆီက သူ့ကိုအဆက်သွယ်လုပ်ရမဲ့ဟာတွေကို တစ်ခုမှမတောင်းမိလိုက်တာပဲ သူမဆိုမှာအတော်ကြာအောင် စောင့်နေပေမဲ့ သူကရောက်မလာခဲ့ပေ
ဒါကြောင့် သူမအိမ်ပြန်ဖို့ဆုံးဖြတ်ပီး အိမ်ကိုပြန်လာခဲ့လိုက်သည်

"ပြန်လာပီးလား မမ ပျော်ခဲ့ရဲ့လား"

"ငါ့ဘာငါ့ ပျော်ချင်ပျော်မယ် မပျော်ချင်နေမယ် နင့်နဲ့မဆိုင်ဘူး"

"ဆိုင်တာပေါ့ မမရဲ့ မမပျော်ရင် မောင်လဲပျော်တယ် မမဝမ်းနည်းရင်မောင်လဲဝမ်းနည်းရတယ်"

"ဒါဆိုလဲ နင်ဝမ်းနည်းလိုက်တော့ နင်သေမှငါပျော်မှာ နင်မသေမချင်ငါပျော်ဖို့မရှိဘူး"

သူမ သူ့ကိုအရမ်းမုန်းတယ် မုန်းတာထပ်ပိုပြောရမဲ့စကားရှိရင်လဲ အဲ့စကားမျိုးနဲ့ကိုပြောချင်သည် အရင်ကတော့ မောင်လေးတစ်ယောက်လိုချစ်တာအမှန်ပေ အခုတော့ သူ့အသံကြားတာနဲ့ သူနဲ့ပတ်သက်တာ တခုခုရွိတာအစ အော်ကလီဆန်တယ် ဒါကြောင့် စကားဆက်မပြောပဲ အခန်းထဲကိုပြန်လာလိုက်သည်

.
ညဘက်ရောက်တော့ သခင်ကပြန်မလာပေ သူ့အလုပ်ကိတ်စကြောင့် နယ်ဘက်ထိရောက်သွားတာကြောင့် သူမဒီနေ့တော့ အေးအေးဆေးဆေးနေရမည် ဖစ်သည် မက်စ်လဲမရှိ သခင်မိဘတွေလဲမရှိ
အိမ်ဖော်အနည်းငယ်သာရှိသည်

"ဒေါက်.....ဒေါက်....ဒေါက်...သမီး...သမီး..."

သူမအေမ အသံဖစ်သည် ဘာကြောင့်သူမအမေအခုချိန်ကြီးလာခေါ်ရတာလဲ ဟုတွေကာ တံခါးကိုဖွင့်ပေးလိုသည်

"ဘာဖစ္တာလဲ အေမ... "

"အမေတို့ဒီနေရာက အမြန်ဆုံးပြေးရအောင် သမီး"

"ဟင်...သမီးတို့ပြေးလို့လွတ်ပါ့မလား "

"လွတ်တယ် အမေစောင့်ကြည့်ထားတာကြာပီး ပီးတော့ အမေကိုထားထားတဲ့အိမ်ကြီးနေတဲ့ လူတစ်ယောက်က အမေတို့ဒီချိန်ပြေးရင်လွတ်တယ်တဲ့ သူနဲ်အမေကခင်တာကြာပီး "

မင်းကမောင့်အပိုင်Where stories live. Discover now