Part - 7 ( Zawgyi )

Start from the beginning
                                    

*
*
*
*
*
*
*
*

စားပွဲခုံပေါ်တွင်ချထားတာကြောင့် ရှင်းလင်းစွာမြင်နေရတဲ့
စာချုပ်နှစ်စောင်ကို ပြူးကြောင်ကြောင်နဲ့ကြည့်နေရင်း

" လက်ထပ်မယ် ဟုတ်လား ၊ နေပါဦး ဘယ်သူ့
သဘောနဲ့ဘယ်သူ့ခွင့်ပြုချက်ကိုယူပြီး ဒီလက်ထပ်
စာချုပ်နှစ်စောင်ကိုပြင်ဆင်လာတာလဲ ၊ ခင်ဗျား
ရူးများသွားတာလားဟင် "

အရင်ကဆို ကိုယ့်ကို ကိုကိုလို့ခေါ်တက်ပြီး သူ့ကိုယ်သူ
သားဆိုသည့်နာမ်စားလေးကိုသုံးတက်သည့် ခပ်အေးအေး
ကောင်လေးကအခုဆိုရင် ခင်ဗျားဆိုသည့်အသုံးအနှုန်းကို
ပါးစပ်ကမချတော့ပေ ။

" စာချုပ်နှစ်စောင်ကို ဒီတိုင်းယူလာပေးလို့မင်းအမြင်မှာ
သေးဖွဲသိမ်နုတ်တယ်လို့် ထင်ကောင်းထင်လိမ့်မယ် ၊
အမှန်တော့ ဒိိီစာချုက်ကို ငါ့ရှေ့နေနဲ့သေချာပြင်ဆင်လာ
တာပါ၊ မင်းငါနဲ့လက်ထပ်ပြီးတာနဲ့ ငါ့အိမ်သားတစ်ယောက်
ကရသင့်ရထိုက်တဲ့အခွင့်အရေးတွေ အကုန်ရစေရမယ်၊
ပိုင်ဆိုင်မှုတွေကအစပေါ့ "

" Sorry ပါ ၊ ကျွန်တော်ခင်ဗျားနဲ့ လက်မထပ်နိုင်ပါဘူး ၊
ဒီရက်ပိုင်းထဲ ခင်ဗျားကိုဘာစကားမှအများကြီးမပြောခဲ့
တာက ဖြစ်ပြီးသွားတဲ့ကိစ္စတွေကိုကျေနပ်နေခဲ့လို့ ငြိမ်ခံ
နေတာမဟုတ်ဘူး ၊ လူ့အရိုင်းအစိုင်းကောင်တစ်ယောက်နဲ့
စကားယှဉ်ပြီးမပြောချင်တော့လို့ ၊ ခင်ဗျား ကျွန်တော်ကို
အမြဲတမ်းမုန်းနေခဲ့တာကိုသိတယ် ၊ အဲလိုမုန်းနေတာကို
ဘယ်တုန်းကမှ အပြစ်မမြင်ခဲ့ဘူး ၊ ဒါကငါ့အကိုဆိုတဲ့
စိတ်ကိုအမြဲမွေးမြူထားတာ ၊ ဒါပေမဲ့ အခုတော့အတွေး
တွေရောအမြင်တွေပါပြောင်းလဲသွားရပြီ ၊ ဘယ်အကိုက
သူ့ညီကို သွေးသားစပ်ယှက်မှာလဲမဟုတ်ဘူးလား ၊
လုပ်ရက်လိုက်တာလို့ပဲတွေးနိုင်တော့တယ် ၊ ရွံတယ်
ခင်ဗျားကို တအားရွံတယ် "

မကိုဋ်ကတော့ ကိုယ့်အပေါ်သူ့အမုန်းတရားတွေကို
ဖွင့်ဟပြောပြနေတဲ့ကောင်လေးကို ခပ်ပြုံးပြုံးသာ
ကြည့်နေမိတော့သည်။သူက ကိုယ့်အပေါ်ကို
အကိုတစ်ယောက်လိုစိတ်မျိုးမွေးမြူခဲ့တယ်ဆိုရင်တောင်
ကိုယ်ကသူ့ကိုညီတစ်ယောက်လိုဘယ်တုန်းကမှမမြင်ခဲ့ ။
ဒါကြောင့်ပဲသူနဲ့ကိုယ် အတူနေခဲ့သည့်အခိုက်အတန့်ဟာ
ညီကိုနှစ်ယောက်ကြားထဲကအမှားမဟုတ်ဘူး ။
ယောက်ျားလေးနှစ်ယောက်ကြားထဲက သွေးသား
စပ်ယှက်မှုသက်သက်ပဲ။

My Husband Hates Me ( Completed )Where stories live. Discover now