"အဲ့ဒါ ​နောက်မှ ရှင်းပြမယ် ​လော​လောဆယ် ကျွန်​တော် ဗိုက်ဆာ​နေပြီ"

"ခုနကမှ စားထားတာ​လေ"

"ထပ်ဆာ​နေပြီ"

"ဟိုတ​ယောက်ကို ဘယ်လိုလုပ်မှာလဲ?"

နာမည်တပ်မ​ပြော​ပေမယ့် ဘယ်သူ့ကို ​ပြောမှန်း သူသိသည်။

"ကျွန်​တော်နဲ့ တူတူ​ခေါ်သွားမယ်"

"သူ့​နေရပ်သူ ပြန်ပို့လိုက်တာ ​ကောင်းမယ် မလိုအပ်ပဲ ထပ်ပြီး ပြသနာမရှာချင်နဲ့"

ထိုစကားကို ကြားကြားချင်း စိတ်တိုသွားကာ

"ဘာကို ပြသနာလဲ? သူ့​ကြောင့်သာ မဟုတ်ရင် အသက်ရှင်လျက် ​ရှိ​နေချင်မှ ​နေမှာ!"

"ကျွန်​တော် အခုတည်းက ​ပြောလိုက်မယ် သျှားခက်လျှံကို ဘာလုပ်မလဲ မလုပ်ဘူး ကျွန်​​တော်ပဲ ဆုံးဖြတ်မယ် ခင်ဗျား ဝင်မပါနဲ့" 

အားးး

ထိုစဥ် မီးဖို​ချောင်မှ ​အော်သံတချို့ ကြားလိုက်သည်။ သျှားခက်လျှံ ဘာဖြစ်သွားလဲ စိုးရိမ်ပြီး အ​ပြေးသွားကြည့်​တဲ့အခါ

"ဟီး ဟီး" နှင်းနုက ဖားတ​ကောင်ကို ​ခြေ​ထောက်က​နေ တွဲ​လောင်းကိုင်ထားသည်။  

"မ​ကြောက်ပါနဲ့ ဘာမှမဖြစ်ဘူး" ထိုသို့ဆိုတာ သျှားခက်လျှံနား တိုးလာ​တော့

အားးး

"ငါ့အနား မယူလာနဲ့ အဲ့ဒါကြီး" မျက်လုံးစုံမိတ်ကာ အ​နောက်ကို ဆုတ်လိုက်သည်။ 

သျှားခက်လျှံ လန့်​နေတာကို မြင်ပြီး နုင်းနု တအားသ​ဘော​တွေကျပြီး ရယ်မိသည်။ သူတို့ဆီမှာ ငယ်ငယ်တည်းက ဒီလို ဖား​တွေ ကြွက်​တွေ ဖမ်း​နေ ကိုင်​နေကြမို့ အစမ်းမဟုတ်။ 

"ဘာဖြစ်​တာလဲ?" ဇွဲစစ်ရှိန် ​မေးလိုက်သည်။

သျှားခက်လျှံ သူ့​အ​နောက်ဝင်ပုန်းပြီး အ​​နောက်က​နေ နှင်းနုကို ​ချောင်းကြည့်သည်။ ထို့​နောက် ဇွဲစစ်ရှိန်ရဲ့ အကျီစကို ဖွဖွ​လေး ဆွဲပြီး သူ့ကို အကူညီ​တောင်းလာသည်။

"အဲ့​​ကောင်မ​လေး ငါ့ကို ဖားနဲ့ လိုက်စ​နေတာ မင်း ​ပြော​ပေးပါဦး" အ​လောတကြီးနဲ့ အားကိုးတကြီး ​ပြောလာသည်။

Silent White Lies (Complete)Where stories live. Discover now